“လှတောသားကွဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားကြီး Premier Show ပွဲကျင်းပ

ဆောင်းနှင်းရည်ရုပ်ရှင်ထုတ်လုပ်ရေးက စကားကြွယ်တဲ့ လှတောသားရဲ့ အမူအကျင့်လေးတွေပုံဖော်ပြီး “လှတောသားကွ ဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ဇွန်လ၂၈ ရက် ညပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အနုပညာသက်တမ်း နှစ် ၃၀ကျော်မှာ ပထမဦးဆုံး ရုံတင်ခွင့်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးပါ။ ကျွန်တော့်ဘဝအတွက် အင်မတန် ဝမ်းသာပီတိလည်းဖြစ်ရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ လှတောသားဆိုတဲ့အတိုင်း စကားလုံးတွေလှလှပပနဲ့ အကောင်းဆုံး ပုံဖော်ထားပါတယ်” လို ဒါရိုက်တာ ဇော်ထွန်းက ပြောပါတယ်။ အဆိုပါ အခမ်းအနားမှာတော့ တေးသံရှင်တွေ ဖြစ်ကြတဲ့ ဗညားဟန်၊ ဂျေညီညီ၊ သဟာအောင်၊ ဖော်ဝေး၊ မင်းကို၊ သားဗိုလ်နိုင်တို့က ဇာတ်ဝင်တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်းကိုဇော်ထွန်းမိုးနိုင်က ရေးသားထားတာဖြစ်ပြီးတော့ ဒါရိုက်တာဇော်ထွန်းက စကားကြွယ်တဲ့ လှတောသားရဲ့ ရန်ကုန်မြို့ရောက်လာချိန် မြို့နေလူမှုဘဝအပေါ် အမြင်တွေနဲ့ မြို့သူမြို့သား လူငယ်တွေ လှတော အရောက်ကြုံရတာတွေကိုအချစ်ဟာသနှောလို့ လှတောအဝင်အထွက်နဲ့ ရေနံချောင်းဘက်မှာ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်အနေနဲ့ အကယ်ဒမီ ကျော်ရဲအောင်၊ နေထူးနိုင်၊ ညိမ်းသော်၊ မင်းဘုန်းမြတ်၊ ဗညားဟန်၊ ဇော်သူဟိန်း(ဆိုင်း)၊ စုလှိုင်နှင်း၊ လင်းဇာနည်ဇော်၊ ဆင်မ၊ ကြယ်သီး၊ မာမီသက်၊ ငလက်မ၊ ချက်ကြီး၊ မိုးတိမ်ရဝိန်၊ ဒေါက်တာအောင်ကျော်မိုး၊ ဦးဇော်ထွန်း၊ ထောင်ထောင်၊ ဦးပေါ်လ၊ စောသစ်၊ ဖော်လက်၊ ကျော်သီဟ၊ မိုးနိုင်၊ ကြူကြူသင်း၊ အိမ့်ခြူးပွင့်စတဲ့ အနုပညာရှင်တွေ ပါဝင်ထားပါတယ်။ “လှတောသားကွ ဖျားသွားမယ်” ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရုရှားတွင် ယနေ့ ကျင်းပသည့် နဂါးလှေလှော်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ