ဘဝနတ္ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်သည့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး၏ စျာပနအခမ်းအနား ယနေ့ကျင်းပမည်

ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးတိုင်းအတွင်း၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဘဝနတ္ထံပျံလွန်တော်မူခဲ့ရသည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး၏ စျာပန အခမ်းအနားကို ယနေ့ ဇွန် (၂၇)ရက်တွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပထမပိုင်းအစီအစဉ်အဖြစ် စျာပနရေစက်ချခြင်း၊ ဒုတိယပိုင်း အစီအစဉ်အဖြစ် ပူဇော်ခြင်း၊ တတိယပိုင်း အစီအစဉ်အဖြစ် ဆရာတော်၏ ဥတုဇရုပ်ကလပ်တော်မြတ်အား တပည့်ကြီး၊ တပည့်ငယ်တို့မှ ဦးဆောင်၍ ကရဝိတ်ဖောင်ပေါ်တင်ခြင်း၊ စတုတ္ထပိုင်း အစီအစဉ်အဖြစ် ဆရာတော်၏ ဥတုဇ ရုပ်ကလပ်တော်မြတ်အား လောင်တိုက်တော်သို့ ပင့်ဆောင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

အစီအစဉ်အရ နံနက် (၇)နာရီမှ (၁၁) နာရီအထိ ကြွရောက်ဖူးမြှော်ကြသူများကို ဧည့်ခံကျွေးမွေးခြင်း၊ နံနက် (၁၀)နာရီခွဲတွင် သံဃာတော်အရှင်သူမြတ်တို့ကို နေ့ဆွမ်းဆပ်ကပ်ခြင်းတို့ကို ပြုလုပ်ကာ နေ့လယ် (၁၂) နာရီတွင် ဆင်ဖြူကွင်းသုဿာန်ရှိ လောင်တိုက်တော်သို့ ပင့်ဆောင်ကာ မီးပူဇော်မည်ဖြစ်ပြီး ကျွင်းကျန်ရစ်သော အရိုးပြာကို စစ်တောင်းမြစ်အတွင်းသို့ ရေမျှောပူဇော်မည် ဖြစ်သည်။

ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် (၇၈) နှစ်၊ သိက္ခာတော် (၅၈) ဝါရှိပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွေးနေ့မှာ အလှူအတန်းပြု ကုသိုလ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ မိုးဟေကို
Next post တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်မည်