မိုဒရစ်အတွက် ဝမ်းနည်းစရာ အဆုံးသတ်ဖြစ်သွားခဲ့သော Euro 2024

မိုဒရစ်ကြီးက မနေ့ညက ပင်နယ်တီလွဲပြီး တစ်မိနစ်မပြည့်ခင်မှာတင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာ။ ဒါပေမယ့် ကံကဆိုးချင်တော့ သူ့ရဲ့ ဦးဆောင်ဂိုးက နောက်ဆုံးမိနစ်မှ ချေပခံလိုက်ရပြီး ခရိုအေးရှားတို့ အုပ်စုကနေ ထွက်လိုက်ရတယ်။

မိုဒရစ်က လူစားလဲခံရပြီးလို့ အရန်ခုံတန်း ရောက်နေချိန်မှာတောင် အသင်းကို ကွင်းဘေးကနေ ညွှန်ကြားပေးခဲ့ပါတယ်။ အသက်အရွယ်ကြီးမြင့်လာသော မိုဒရစ်အတွက် ဒီပြိုင်ပွဲက သူ့အတွက် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်ပါတယ်။

သူ့မျက်နှာမှာ အသင်းအတွက် ဘယ်လောက်မျှော်လင့်ထားတယ်ဆိုတာကို မြင်ခဲ့ရတယ်။ ဒါပေမယ့်လည်း ထင်ထားသလို မဖြစ်ခဲ့ပါဘူး။ မိုဒရစ်အတွက်တော့ ဝမ်းနည်းစရာ အဆုံးသတ်ဖြစ်သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post AA က သံတွဲမြို့နဲ့၇ မိုင်သာဝေးတဲ့ ဇီးဖြူကုန်းဒေသခံများကို လူသားတံတိုင်းအဖြစ် အသုံးချရန် စုစည်းဖမ်းဆီးထား
Next post မြန်မာနိုင်ငံဂီတနေ့တွင် ကျင်းပမည့် တေးဂီတဖျော်ဖြေပွဲကြီး အတွက် ဝင်ခွင့်လက်မှတ်များ အခမဲ့ထုတ်ပေးမည်