(၂၅-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၅-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဧည့်မထနှင့် ရွှေဘိုပေါ်ဆန်း ဆန်များကို သက်သာသောဈေးဖြင့် ယနေ့ စတင်ရောင်းချနေပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ် အများဆုံး ကျပ် ၁၄၅,၀၀၀ သာရှိတော့မည်ဟုဆို

၂။ ဆီတန်ချိန် ၅၃၀၀ တင်သွင်းလာသည့် စားအုန်းဆီတင်သင်္ဘော ရန်ကုန်မြိုသို ရောက်ရှိ

၃။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) သို တက်ရောက်ကြမည့်သူများ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသိုရောက်ရှိ

၄။ အီရန် – မြန်မာအကြား ဆက်ဆံရေးပိုတိုးမြှင့်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဦးသန်းဆွေတို တွေ့ဆုံဆွေးနွေး

၅။ အင်းတော်ကြီးဒေသ ညောင်ပင်၊ ချောင်းဝ၊ လွဲပေါကျေးရွာရှိ ပြည်သူ့စစ်စခန်းများကို KIA/PDF စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

၆။ KNPP/KNDF အကြမ်းဖက်သမားများ ဝင်ရောက်လာခြင်းကြောင့် ပင်လောင်းမြိုနယ်အတွင်းမှ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရ

၇။ ခြေမသန်သည့် ကြက်သွန်ကုန်သည်အား အကြမ်းဖက်များမှ သေနတ်နှင့်ထောက် ဓားဖြင့်ထိုးပြီး ငွေသားအပြင် KPay ငွေများပါယူဆောင်သွား

၈။ ဇွန်လ ၂၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၄၆,၃၈၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၈၀ ကျပ်၊ Octane 95 – ၂၇၁၅ ကျပ်၊ Diesel – ၂၄၂၀ ကျပ်၊ Premium Diesel – ၂၈၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားဖက်ဒရေးရှင်း၏ ဒါဂျီစတန်သမ္မတနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကြောင့် ရဲတပ်ဖွဲဝင် ၁၅ ဦးကျော်နှင့် အရပ်သားများသေဆုံး၊ အကြမ်းဖက်ခြောက်ဦးအသေမိ

၂။ အမေရိကန်တက္ကသိုလ်တွေက ဘွဲရထားတဲ့ နိုင်ငံခြားသားတွေ green card ရသင့်ကြောင်း ထရမ့်ပြော

၃။ ခရိုင်းမီးယားဒေသအပေါ် ယူကရိန်းရဲ့ အသေပျောက်ရှိ တိုက်ခိုက်မှုအတွက် အမေရိကန်မှာ တာဝန်ရှိကြောင်း ရုရှား ပြောကြား

၄။ လက်ဘနွန်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ၏မဟာမိတ်ဖြစ်သည့် ဂျမားအစ္စလာမ်မီးယား အဖွဲ၏ ခေါင်းဆောင်တစ်ဦး သေဆုံး

၅။ ဂျပန်ဘုရင်နဲ့ မိဖုရားတို ဗြိတိန်သို သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

၆။ ဓာတ်အားပြတ်တောက်မှုဖြစ်ခဲ့သည့် မန်ချက်စတာလေဆိပ်၌ လေကြောင်းခရီးများ ပုံမှန်အတိုင်း ပြေးဆွဲမည်

အားကစားသတင်းများ

၁။ ထိုင်းတွင် ယူရိုဘောလုံးပွဲလောင်းကစားဒိုင်ဖွင့်သူ ၆၀ ကျော်ကို ဖမ်းဝရမ်းထုတ်၊ ဘတ် သန်းပေါင်း ၃၀၀ သိမ်းဆည်

၂။ ထိုင်းတွင် ယူရိုဘောလုံးပွဲလောင်းကစားဒိုင်ဖွင့်သူ ၆၀ ကျော်ကို ဖမ်းဝရမ်းထုတ်၊ ဘတ် သန်းပေါင်း ၃၀၀ သိမ်းဆည်

၃။ ယူရိုပွဲပြီးလျှင် အနားယူရန် မစဥ်းစားကြောင်း ဒီဘရိုင်း ဆို

၄။ မန်ယူအသင်းတွင် ဆက်ရှိနေမည်ဟု တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပြော

၅။ ဖူလ်ခရက်ရဲ့နောက်ကျချေပဂိုးကြောင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့ ဂျာမနီ

အနုပညာသတင်းများ

၁။ မိတ်ကပ်ကို လက်နဲ့မလိမ်းဘဲ နှလုံးသားနဲ့လိမ်းလို ကိုယ့်ရဲ့ပညာအပေါ် ၂၀၀ ရာခိုင်နှုန်းယုံကြည်တယ်ဆိုတဲ့ ကိုသာဂိ

၂။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ၃၀ ကို ပြန်ရောက်သလိုခံစားရအောင် တစ်ချိန်ကတိမ်မြုပ်နေတဲ့ တေးသီချင်းတွေကို အသစ်လိုဖြစ်အောင် ပြန်လည်သီဆိုဖြစ်တယ်ဆိုတဲ့ ဟဲလေး

၃။ ချမ်းသာသူမဟုတ်သလို Background လည်းတောင့်တဲ့သူမဟုတ်လို MTV ကိုအရမ်းကြီးအကုန်ကျခံမရိုက်နိုင်ဘူးဆိုတဲ့ ညီမင်းခိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငါးမန်းတိုက်ခိုက်မှုကြောင့် ဆုံးပါးခဲ့ရတဲ့ Pirates of the Caribbean သရုပ်ဆောင်
Next post Country သီချင်းလေးတွေ ထိုင်းနိုင်ငံမှာ ပြန်လည် သီဆိုရိုက်ကူးခဲ့တဲ့ အဆိုတော် ဝိုင်းလေး