မန္တလေးမြို့၌ ICON KTV မီးလောင်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၅၂ လမ်း ၅၃ လမ်းကြားရှိ ICON KTV တွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၉ နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များက ကူညီမီးငြှိမ်းသတ်ခဲ့ရာ မိနစ်ပိုင်းအကြာတွင် မီးငြိမ်းသွားကြောင်း ကနဦးသိရသည်။

“လောင်တာက မကြာလိုက်ပါဘူး။ လောင်သွားတာကလည်း တစ်ခန်းတည်းပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါ”ဟု ကူညီငြှိမ်းသတ်သည့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပါတယ်။အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ အခန်းတစ်ခန်းသာမီးလောင်ခဲ့ပြီး ပျက်စီးထိခိုက်မှုတန်ဖိုး စိစစ်တွက်ချက်ဆဲသာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ တီဟီရန်မြို့၌ သီးသန့်တွေ့ဆုံ
Next post ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ Happily Ever After Wedding Fair 2024