ဆန်စပါးအသင်းချုပ်အားခေါ်ယူစစ်ဆေးပြီးနောက်ဆန်များကိုရည်ညွှန်းဈေးဖြင့် မနက်ဖြန် စတင်ရောင်းချပေးမည်

ာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ထုတ်ပြန်လာခဲ့သည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်းအဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း SAC က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများနှင့် ဧည့်မထဆန်များကို ဇွန်လ ၂၄ ရက် (မနက်ဖြန်)တွင် စတင်ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို ရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက် ပေါ်ဆန်းဆန် တစ်ပြည်လျှင် ကျပ် ၅,၀၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃,၀၀၀ နှင့် ပေါ်ဆန်းဆန် ၁၀ ကီလို (၅ ပြည်) တစ်အိတ် ကျပ် ၂၅,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုပြင် အိတ်လိုက်ဝယ်ယူလိုသူများအတွက် ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၅,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြားနှင့် ဧည့်မထဆန် (၁၅%) တစ်အိတ် ကျပ် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကြားဖြင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်နှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရောင်းချပေးပါမယ် ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းသံရုံးမှ ဦးစီးသော T Pop Star Challenge Myanmar ၏ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
Next post ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ စိုးမြတ်နန္ဒာရဲ့သားလေး မြတ်သောမောင်ရဲ့ ဓာတ်ပုံ