(၂၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ပဲခူးမြို ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို သီတဂူဆရာတော်ကြီး ကြွရောက်

၂။ ပြည်တွင်း၌ ဆန်စပါးစျေး အဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်း

၃။ စားသုံးဆီ တင်သွင်းရောင်းချသူများအတွက် ၆၅ ရာခိုင်နှုန်းကို အွန်လိုင်းငွေလဲနှုန်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် နိုင်ငံခြားငွေလဲလှယ်ပေးနေကြောင်း သိရ

၄။ ACD အဖွဲဝင်နိုင်ငံများ၏ (၁၉) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို နစက၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်

၅။ KIO/KIA က ငြိမ်းချမ်းရေးရယူထားသော ကချင်ပြည်နယ် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်း စသော ဒေသများကိုဖျက်ဆီးနေကြောင်း ဦးဇခုန်တိန့်ယိန်း ပြော

၆။ ကျည်ဆံများ ဆက်လက်ကျရောက်မည်ဆိုလျှင် လက်တုံပြန်မည်ဟု မြန်မာအစိုးရနှင့် ရခိုင်လက်နက်ကိုင်အဖွဲကို ဘင်္ဂလားဒေ့ရှ်အစိုးရ ထပ်မံသတိပေး

၇။ ကျွန်းစုမြိုနယ်ရှိ သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို အကြမ်းဖက်အဖွဲက ဝင်ရောက်စီးနင်းကာ ကုမ္ပဏီမန်နေဂျာကို ဖမ်းဆီးခေါ်ဆောင်သွား

၈။ ဇွန်လ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၄၆,၃၈၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၈၀ ကျပ်၊ Octane 95 – ၂၇၁၅ ကျပ်၊ Diesel – ၂၄၂၀ ကျပ်၊ Premium Diesel – ၂၈၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု တရုတ် သတိပေး၊ စည်းကြပ်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဂျာမနီစီးပွားရေးဝန်ကြီး တရုတ်သိုရောက်ရှိ

၂။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆိုအရေးယူထားမှုတွေကို ရုရှား လိုက်နာရမယ်လို ဂူတာရက်စ် ပြော

၃။ အမေရိကန်၊ အာကန်ဆတ်ပြည်နယ်တွင် လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခုအတွင်း လူသုံးဦးသေဆုံး၍ ၁၀ ဦး ဒဏ်ရာရရှိ

၄။ မြောက်ကိုရီးယားနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုချုပ်ဆိုနိုင်မည့်အပြင် လက်နက်များ တပ်ဆင်ပေးသွားဖွယ်ရှိနေဟု ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို

၅။ ရုရှားက နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား

၆။ ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး လူပေါင်း ၂ သန်းကျော် ရေဘေးအတွင်း ပိတ်မိနေ

အားကစားသတင်းများ

၁။ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဖိုင်နယ်အဆင့်ရောက်ရန် ကစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် မီတမီချီတာရူပြော

၂။ လက်ရွေးစင် ယူ-၁၂ ကစားသမားအသစ်များ ရန်ကုန်နှင့် မန္တလေးတိုတွင် ရွေးချယ်ခေါ်ယူမည်

၃။ ၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအား နိုင်ငံတကာ ဘောလုံးပြက္ခဒိန်နှင့်အညီ ကျင်းပသွားမည်

၄။ ရိုးရာလက်ဝှေ့ဖိုက်တာ စိုးမိုးဇော် တရုတ်ဖိုက်တာ လိယိုရှင်ကျူအား ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိ

၅။ တူရကီကို အနိုင်ရရှိကာ ၁၆ သင်းအဆင့်ကို စောစီးစွာတက်ရောက်သွားခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီ

အနုပညာသတင်းများ

၁။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂ဝ၂၃ – ၂ဝ၂၄ ပညာရေးထူးချွန်ဆုချီးမြှင့်ပွဲနဲ့ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့လှူဒါန်းပွဲ ကျင်းပ

၂။ ရေနံ့သာခင်ခင်ကြီးက ဝေလာအတွက် အောင်မြေဖြစ်တဲ့အတွက် ရေနံချောင်းမြိုကို မေ့မှာမဟုတ်ပါဘူးဆိုတဲ့ ဝေလာရီ

၃။ အနုပညာကနတ်ကြီးတော့ အရမ်းကြီးပဲ မျှော်လင့်ပြီးတော့မှ ထင်သလိုဖြစ်မလာတာတစ်ပုံကြီးပဲဆိုတဲ့ လှမျိုးသဉ္ဇာနွယ်

၄။ BTS အဖွဲဝင် J-Hope က ဇိမ်ခံပန့်ဟောက်စ်တစ်ခုကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူ

၅။ Rockstar အမည်ရှိ တစ်ကိုယ်တော်သီချင်းသစ် ဇွန် ၂၇ ရက်တွင် ထွက်ရှိမည်ဟု Blackpink အဖွဲဝင် လီဆာအတည်ပြု

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း(၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲ စတင်
Next post ၂၀၂၄ ခုနှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ငါးသိန်းကျော် လာရောက်ခဲ့