(၁၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရခိုင်ပြည်နယ်သို ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက် ပေးပို

၂။ YGEA သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရွှေများရောင်းချပေးလျက်ရှိသည့် ရွှေဆိုင်များထပ်တိုးလာ

၃။ အပူပိုင်း ဒေသ (၁၃) ခရိုင်တွင် ယခုနှစ် မိုးရာသီ၌ အပင် (၇) သန်းကျော် စိုက်ပျိုးမည်

၄။ ယခင်က တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိသည် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် လျှပ်စစ်မီးရရှိမှုအချိန်တိုးလာ

၅။ ကော့ကရိတ်မြိုတွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထား

၆။ မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၇။ သာသနာ့ယာဉ်အသုံးပြုပြီး မုံရွာမြိုပေါ်က ချမ်းသာကြွယ်၀သူတွေကို ပြန်ပေးဆွဲနေတဲ့ PDF သုံးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး သေနတ် သုံးလက်၊ ကားတစ်စီးနှင့် တစ်ဦး အရှင်မိကာ တစ်ဦး အသေမိ

၈။ ဇွန်လ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၈၈,၂၁၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၁၅ ကျပ်၊ Octane 95 – ၂၆၄၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၇၀၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားသမ္မတပူတင် မြောက်ကိုးရီးယားသို့ ရောက်ရှိနေစဉ် ရုရှား၏ ယူကရိန်းစစ်ဆင်ရေး မြောက်ကိုရီးယား အခိုင်အမာထောက်ခံကြောင်း ပြောဆိုလာ

၂။ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပါက အမေရိကန်က ယူကရိန်းကို ကူညီနေမှု ရပ်မည်ဟု ထရန့်ကြေညာ

၃။ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများမြင့်တက်လျက်ရှိစဉ် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော နိုင်ငံများက နျူးကလီးယားလက်နက်များအတွက် သုံးစွဲမှု ပိုများလာသည်ဟု အစီရင်ခံစာနှစ်ခုတွင်ဖော်ပြ

၄။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဘုရင်စနစ်ကို ဝေဖန်စော်ကားမှုဖြင့် စွဲချက်တင်ခံရသော်လည်း အာမခံရရှိ

၅။ ရန်ပုံငွေပွဲတွင် သတိလက်လွတ် ရပ်တန့်နေခဲ့သည့် သမ္မတဂျိုးဘိုင်ဒင်ကို အိုဘားမားက လက်ဆွဲခေါ်သွားခဲ့ရ

၆။ အီတလီကမ်းရိုးတန်းအလွန်တွင် သင်္ဘောပျက်နှစ်စီးကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည်ဟု ယူဆရသော ရွှေ့ပြောင်းများကို ကမ်းခြေစောင့်တပ်က ရှာဖွေလျက်ရှိ

အားကစားသတင်းများ

၁။ MNL League Cup 2024 Final ပွဲစဉ်တွင်ရှမ်းအသင်းကွင်းလယ်ကစားသမား မာ့ခ်ဆာကီ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်ဟု ဆို ၂

။ ရန်ကုန်နှင့် မန္တလေးရှိ မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီများ စတင်ဖွင့်လှစ်

၃။ အိန္ဒိယနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို လာမည့်ဇူလိုင် ၁၀ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံတကာခြေစမ်းပွဲ ကစားမည်

၄။ ပရီးမီးယားလိဂ် ကြီး၆ကြီးအသင်းတွေရဲ့ လာမယ့်ရာသီ ပွဲချိန်ဇယားများထွက်ပေါ်လာ

၅။ ပြင်သစ်အတွက် ပြန်ကစားပေးတဲ့ပွဲမှာပဲ အကောင်းဆုံးကစားသမားဆုရသွားတဲ့ ကန်တီ

အနုပညာသတင်းများ

၁။ ဆေးသုံးတဲ့အခန်းတွေ ဆေးကွဲတဲ့အခန်းတွေကို မေးမြန်းပြီး သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ထွန်းကိုကို

၂။ ဒါရိုက်တာမင်းသန့်မောင်မောင် ရိုက်ကူးတင်ဆက်မယ့် “ 𝐓𝐮𝐢𝐭𝐢𝐨𝐧” TV Series အတွက် သရုပ်ဆောင် ၇ ဦးခေါ် ယူ

၃။ သူနေတဲ့ နေရာတိုင်းကို အနုပညာရပ်ဝန်းလေးတစ်ခုဖြစ်အောင် အမြဲဖန်တီးတတ်တဲ့ ကိုသူရိန်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်ကုတ်မှာ AA ၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် ၃ ဘာသာ ဂုဏ်ထူးရှင် သမီးငယ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့
Next post အနုပညာကြေး အမြင့်ဆုံးရ ဘောလီးဝုဒ် စတားများ