ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဇူလိုင်လ ၂ ရက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကောဇာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)မှာ မော်စကို စံတော်ချိန် ၁၁၀၀ နာရီမှ ၁၃၀၀ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရမှ ကျောင်းထိုင်ဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဒေါက်တာအစ္ဆရိယ၊ လက်ထောက် ကျောင်းထိုင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒမာလာလင်္ကာရ၊ ပင့်သံဃာတော်များ ဖြစ်သည့် ရုရှား သံဃာတော် ၁ ပါး၊ သီရိလင်္ကာသံဃာတော် ၂ ပါး စုစုပေါင်းသံဃာတော် ၅ ပါးတိုအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်ဟု ဆိုပါတယ်။

ထိုသို့ လှူဒါန်းမှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော်နှင့်ဇနီးတို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချင်းတိုင်းရင်းသူမော်ဒယ် မာဂရက် ပါဝင်တဲ့ “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်ကား
Next post ဘဝတစ်လျှောက်လုံး တွဲကစားဖူးတဲ့အထဲမှာ သဘောအကျဆုံး ကစားဖော် (၁၀)ဦးကိုဖွင့်ဟလာတဲ့ မက်ဆီ