ဘဝတစ်လျှောက်လုံး တွဲကစားဖူးတဲ့အထဲမှာ သဘောအကျဆုံး ကစားဖော် (၁၀)ဦးကိုဖွင့်ဟလာတဲ့ မက်ဆီ

ဇူလိုင်လ ၂ ရက်

ကစားသမားဘဝကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတဲ့ မက်ဆီဟာ ဘဝတစ်လျှောက်လုံး သူနဲ့အတူ တွဲကစားဖူးတဲ့အထဲမှာ သဘောအကျဆုံး ကစားဖော် (၁၀) ဦးကို ဖွင့်ဟလိုက်ပါတယ်။

(၂၀၀၀) ပြည့်နှစ် အစောပိုင်းကတည်းက ကစားသမားဘဝကို ဖြတ်သန်းလာတဲ့ မက်ဆီအတွက် ခေတ်ဟောင်းကစားသမား အများစုပါဝင်နေတာလည်း ဖြစ်ပါတယ်။

သူရွေးချယ်ခဲ့တဲ့ ကစားသမားတွေကတော့ ” ရော်နယ်ဒင်ဟို၊ ဒေကို၊ အီတူး၊ ဆွာရက်ဇ်၊ ဇာဗီ၊ အင်နီယေစတာ၊ ဘတ်စကွတ်၊ နေမာ၊ အီတူးနှင့် ဇလာတန် တို့လို ကစားသမားတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မက်ဆီဖွင့်ဟခဲ့တဲ့ အထဲက ဘတ်စကွတ်နဲ့ အတူတူ မိုင်ယာမီမှာ ပြန်ကစားနေရပြီလည်း ဖြစ်ပါတယ်။

နေမာ၊ ဆွာရက်ဇ်တို့နဲ့ကတော့ လတ်တလောမှာ မဖြစ်နိုင်သေးပေမဲ့ MSN တိုက်စစ်ကို ပြန်ပုံဖော်ဖို့ စဉ်းစားထားတယ်လို့ကတော့ သိရပါတယ်။ ဆွာရက်ဇ်ကတော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ မက်ဆီရှိတဲ့နေရာကို လိုက်လာမယ်လို့တော့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မက်ဆီဖော်ပြခဲ့တဲ့ ကစားသမားအများစုကတော့ ဘာစီလိုနာရွှေခေတ်က ကစားသမားတွေဖြစ်တဲ့အတွက် အရင်ခေတ်ကစားသမားတွေကိုပဲ ပိုသဘောကျတယ်လို့ ယူဆရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Next post တူမလေးရဲ့ ပထမဆုံးဇာတ်လမ်းတွဲကို ဝန်းရံပေးကြောင်း ဖွင့်ဟလာသူ သရုပ်ဆောင် ရီရီပွင့်ဖြူ