မြန်မာနှင့် မြောက်ကိုးရီးယား ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အကြိုပြိုင်ပွဲ ဒုတိယ အကျော့ အဖြစ် ယနေ့ ယှဉ်ပြိုင်ဖို့ရှိ

ဇွန်လ ၁၁ ရက်

FIFA World Cup 2026TM Preliminary Competition Asian Zone Round 2 – Group B – Matchday 6 ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မြောက်ကိုးရီးယားလက်ရွေးစင်အသင်းတို့ ယနေ့ (ဇွန်လ ၁၁ ရက်) ည ၇:၃၀ မှာ လာအိုနိုင်ငံ Laos National Stadium မှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိပါတယ်။

မြန်မာအသင်းမှာတော့ ဂိုးသမားအနေနဲ့ ဆန်းဆက်နိုင်၊ ကျော်ဇင်ဖြိုးနှင့် ဇင်ညီညီအောင်တို့ပါဝင်လာပြီး နောက်တန်းအနေနဲ့ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ငြိမ်းချမ်း၊ စိုးမိုးကျော်၊ လတ်ဝေဘုန်း၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း၊ ကျော်မင်းဦးနှင့် သီဟထက်အောင်တို့ပါဝင်လာမှာ ဖြစ်ပြီး အလယ်တန်းမှာတော့ ရန်နိုင်ဦး၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်း၊ မောင်မောင်လွင်၊ ဥက္ကာနိုင်နှင့် ဆွမ်လန်မန်တို့ ပါဝင်လာမှာဖြစ်ကာ ရှေ့တန်းမှာတော့ ဝင်းနိုင်ထွန်းနှင့် အောင်ကောင်းမာန် တို့ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

ပထမ အကြော့ ပွဲစဉ်မှာတော့ မြောက်ကိုးရီးယားလက်ရွေးစင်အသင်းကို အိမ်ကွင်းမှာ မြန်မာလက်ရွေးစင်အသင်းက ၆ ဂိုး ၁ဂိုး ဖြင့် ဂိုးပြတ် ရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းအနေဖြင့် ယင်းတို၏အိမ်ကွင်းပွဲစဉ်အား လာအိုနိုင်ငံတွင် ကြားကွင်း လာရောက်ကျင်းပရခြင်းကြောင့် ရုပ်သံ ရိုက်ကူးထုတ်လွှင့်နိုင်ခြင်း မရှိပါကြောင်း ၊ Live Stream ပြသနိုင်ခြင်းမရှိပါကြောင်း ကြိုတင်ကာ လေးစားစွာ အသိပေးကြေညာထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်