ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ကျပ် ၃၀၀၀ မှ ၁၀၀၀၀ အထိ ဈေးကောင်းရရှိနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စိုက်ပျိုးထားသော ပေါ်ဦးပေါ်ဖျား ရာသီပေါ် ဒူးရင်း သီးများ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ‌၏ မိသားစုစားဝတ်နေရေးအတွက် ပိုမိုဆင်ပြေလျက်ရှိကြောင်း ဒူးရင်းသီးရောင်းချသည့် တောင်သူများထံမှ သိရသည်။

သရက်ချောင်းမြို့နယ်တွင် ရာသီပေါ်ဒူးရင်းသီးများ နှစ်စဉ် ဧပြီလအစောပိုင်းမှ ဩဂုတ်လအစောပိုင်းအထိ အများအပြား ပေါ်ထွက်‌လေ့ရှိပြီး တောင်သူများအနေဖြင့် ရောင်းချကြရာ အခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ကာလဖြစ်၍ ဒူးရင်းသီးများ ရောင်းချရာမှ ဈေးကောင်းရရှိကြောင်း၊ ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစား အမျိုးမျိုးအလိုက် ၃၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ဈေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ‌ တောင်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၄-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်