(၁၉-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၉-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာနှစ်ကူး အထူးဓမ္မသဘင် ဒုတိယညတွင် မဇ္ဈိမဂုဏ်ရည်ဆရာတော်ဘုရားမှ တရားဓမ္မများ ဟောကြားတော်မူ

၂။ မြဝတီမြိုပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA အဖွဲများက ကင်းလှည့်သွားလာမှုများရှိနေဟု ဒေသခံများဆို

၃။ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချိုတွင် ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

၄။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နဲ့ ရုရှားပါတီဖြစ်တဲ့ United Russia Party အကြံပေးပုဂ္ဂိုလ်အပါအဝင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို နေပြည်တော်၌တွေ့ဆုံ

၅။ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တိုကို အပြည့်အဝ ပြန်လွှတ်ရေးအတွက်အပြုသဘောဆောင်သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန်ထိုင်းအစိုးရ တိုက်တွန်း

၆။ မြန်မာနိုင်ငံသိုပိုဆောင်မည့် ဘတ်ငွေသန်း၈၀ ကို ထိုင်းရဲက မြန်မာ-ထိုင်း နယ်စပ်တွင် သိမ်းဆည်း

၇။ နေအိမ်၌အိပ်ပျော်နေသည့် မိသားစုဝင်(၃)ဦးကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဓားဖြင့်ဝင်ထိုးခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးမှု မကွေးတွင်ဖြစ်ပွား

၈။ ဧပြီလ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၂၀ ကျပ်၊ Octane 95 – ၂၉၃၀ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၅၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဂျပန် အမေရိကန်တိုနှင့် ဆက်ဆံရေးမြှင့်တင်ရန်ဆုံးဖြတ်ချက်သည် အချုပ်အခြာအာဏာပိုင် ရွေးချယ်မှုဖြစ်ကြောင်း ဖိလစ်ပိုင်ပြောကြား

၂။ အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပေးထားပြီး ဆူနာမီသတိပေးချက်လည်းထုတ်ထား

၃။ တရုတ်မှတင်သွင်းသည့် သံမဏိနှင့်အလူမီနီယမ်တိုအပေါ် စည်းကြပ်ခွန်သုံးဆတိုးမြှင့်ရန် သမ္မတဘိုင်ဒင် တိုက်တွန်း

၄။ အီတလီတွင်ကျင်းပနေသော ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အစ္စရေးက အီရန်ကို လက်တုံပြန်မည့်အလားအလာကို ဆွေးနွေး

၅။ ထိုင်းနိုင်ငံ ပတ္တယားမြို ရေခဲစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားပြီးလူ ၁၅၀ ဒဏ်ရာရ

၆။ လာမည့်ရက်များအတွင်း အီရန်အပေါ် ပိတ်ဆိုအရေးယူမှုအသစ် ချမှတ်တော့မည်ဟု အမေရိကန်ဆို

အားကစားသတင်းများ

၁။ ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရန်ကုန်ယူနိူက်တက်အ သင်း ယူ ၂၀ ကစားသမားများရွေးချယ် ခေါ်ယူမည်

၂။ အာဆင်နယ်ကို အနိုင်ရခဲ့တာ မယုံနိုင်စရာကောင်းတယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဟယ်ရီကိန်း

၃။ မန်စီးတီးကို အနိုင်ရပြီးနောက် ရီးရဲလ်မက်ဒရစ်က ဘယ်တော့မှ မသေဆုံးဘူးလို့ ကြွေးကြော်လိုက်တဲ့ အန်ဆယ်လော့တီ

၄။ တန်ဟက်နေရာမှာ အစားထိုးခန့်အပ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဒီဇာဘီနဲ့ ဂရေဟမ်ပေါ်တာ

၅။ ကိုရီးယားလက်ရွေးစင်ဘောလုံးသမားနဲ့ တွဲနေတယ်ဆိုတဲ့ Lovelyz အဖွဲဝင်ဟောင်း Lee Mijoo

အနုပညာသတင်းများ

၁။ ချစ်ခြင်းနောက်ကွယ်မှာ ယုံကြည်မှုရဲ့ သစ္စာတရားရယ် နားလည်မှုရယ် တည်ဆောက်လိုရှိရင် အိမ်ထောင်ရေး အဆင်ပြေပါတယ်လို မိုးဟေကိုက “မောင်တိုယောကျ်ားတွေရယ်”ဇာတ်ကားအပေါ် ဖွင့်ဟ

၂။ မူးလာရင် တစ်မျိုး မမူးရင် တစ်မျိုးဖြစ်တတ်တာတွေရှိတယ်လို ရတနာဗို ဖွင့်ဟ

၃။ မွေးနေ့ နှစ်ဦးအလှူအဖြစ် အိမ်ခြေ ၂၀၀ စာအတွက် ဆန်၊ ဆီ စားသောက်ကုန် လှူဒါန်းခဲ့တဲ့ ရွှေသမီး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွေးနေ့နှစ်ဦးအလှူအဖြစ် ဆန်၊ဆီ၊ဆား၊ကြက်သွန် အိမ်ခြေ(၂၀၀)စာလှူဒါန်းခဲ့သော သရုပ်ဆောင်ရွှေသမီး
Next post (၁၉-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ