နစကဥက္ကဋ္ဌ၏ လွတ်ငြိမ်းဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်အထိမ်းအဖြစ် ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား (၉၄၀) ပြန်လည်လွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။

ဒီအကျဥ်းသားတွေဟာ ဒီကနေ့ ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နေ့လယ်ပိုင်းမှာ လွတ်မြောက်လာခဲ့ကြတာဖြစ်ပြီး အမျိုးသား (၉၀၀) ဝန်းကျင်နဲ့ အမျိုးသမီး (၄၀) ဝန်းကျင်ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဥ်းထောင်အသီးသီးကနေလည်း အကျဉ်းသား ၅၀၀ နီးပါး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပြီး နစကဥက္ကဋ္ဌအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေက အကျဉ်းသား (၃၃၀၃) ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နှစ်သစ်မှာ ရှင် ၄၅ ပါးအတွက် ဆန်၊ဆီ၊ဆေး၊ဆားနှင့် နဝကမ္မ ကျပ် ၁၀၀၀၀ စီလောင်းလှူခဲ့တဲ့ ဖွေးဖွေး