ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့သည် ဧပြီ ၁၄ ရက်၊ ညပိုင်းက ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ တတိယအဖွဲ့တွင် Mr. PARK MOON HEE ဦးဆောင်သော ကိုရီးယား K-pop အနုပညာရှင် ၁၉ ဦး ပါဝင်ပြီး မြန်မာနိုင်ငံ တာဝန်ရှိများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းအဖွဲ့သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon တွင် တည်းခိုလျှက်ရှိပြီး ယနေ့ ဧပြီ ၁၅ ရက်တွင် နေပြည်တော်သို့ သွားရောက်သွားရောက်၍ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၆-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်