(၁၅-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၅-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ပြည်သူ့ရင်ပြင်က လမ်းလျှောက်သင်္ကြန်၊ ဖျော်ဖြေရေးအစီအစဉ်များ၏ သင်္ကြန်အကျနေ့ စည်ကားသိုက်မြိုက်စွာကျင်းပ

၂။ ကြိတ်ကြိတ်တိုး စည်ကားလှတဲ့ ပဲခူးသင်္ကြန်အကျနေ့ မြင်ကွင်းပုံရိပ်များ

၃။ မုံရွာမြို မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်  သင်္ကြန်အကျနေ့ရေကစား လာသူများဖြင့် အထူး စည်ကား

၄။ မြဝတီမြိုနယ် အင်ကြင်းမြိုင် ကျေးရွာ ရေပေါ်ဈေးတွင် ရေကစားသူများဖြင့် စည်ကား

၅။ MPT ၌ အရှုးပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဟု ဂျပန်ကုမ္ပဏီ နှစ်ခုပြော

၆။ တီးတိန်မြိုပေါ် စစ်သားစုဆောင်းသည်စွပ်စွဲကာ တီးတိန်ခရိုင် လဝက ဦးစီးမှူးကို PDF Zoland ဖမ်းဆီး

၇။ မန္တလေး မြိုတော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦး အပါ အဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ

၈။ ဧပြီလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၆,၃၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၂၀ ကျပ်၊ Octane 95 – ၂၉၃၀ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၅၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အီရန် ပစ်လွှတ်သော ဒရုန်းနှင် ဒုံးကျည် ၉၉ ရာခိုင်နှုန်းကျော်ကို ကြားဖြတ် ပစ်ချခဲ့သည်ဟု အစ္စရေး စစ်တပ် ပြောကြား

၂။ လက်တုံပြန်မှု ပြီးသွားပြီဟု အီရန်က ပြောကြားလိုက်ပြီး စစ်ရေးအရ တုံပြန်ခြင်းမပြုရန် အစ္စရေးကို သတိပေး

၃။ အီရန်က အစ္စရေးကို တိုက်ခိုက်မှုအား ထောက်ခံကာ အီရန်နိုင်ငံသားများ ထောင်ချီ၍ လမ်းမ ပေါ်စုဝေးလျှက် အောင်ပွဲခံ

၄။ အစ္စရေး၏အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် ဟားမတ်စ်ပယ်ချ၊ ၄င်းတို၏ အဓိက တောင်းဆိုချက်များကို ဖက်တွယ်ထား

၅။ ကမ္ဘာက နောက်ထပ်စစ်ပွဲကို တောင့်မခံနိုင်ဘူး ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆို

၆။ တရုတ်-လာအို မီးရထားဖြင့် နယ်စပ်ဖြတ်ကျော်ခရီးသည် ဝန်ဆောင်မှု ၁ နှစ်ပြည့်တွင် ရလဒ်ကောင်းများ ရရှိထား

အားကစားသတင်းများ

၁။ Deadpoolမင်းသား Ryan Reynolds ပိုင်ဆိုင်တဲ့ ၀ရက်ဇ်ဟမ်းအသင်းဟာအသင်းက လိဂ်-၂ပြိုင်ပွဲ က​နေ လိဂ်-၁ပြိုင်ပွဲဆီ တိုက်ရိုက် တန်းတက်ခွင့် ရခဲ့ပြီလို့ သိရ

၂။ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းမှာ ခြေချော်ခဲ့ပြန်တဲ့ လီဗာပူး

၃။ အခွင့်အရေးများစွာကို အသုံးမချနိုင်တာကြောင့် အိမ်ကွင်းမှာ အေဗီလာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်

၄။ ယူနိုက်တက် အသင်းဖော်ဟောင်း တာဝန် မထမ်းဆောင်မီ လက်ရွေးစင်နည်းပြရာထူးကို ငြင်းပယ်ခဲ့တဲ့ ဆိုးလ်ရှား

၅။ ချဲလ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာများနေမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဝန်ခံလိုက်တဲ့ ပိုချက်တီနို

အနုပညာသတင်းများ

၁။ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရဲ့ဖခင် ကွယ်လွန်

၂။ မြန်မာနှစ်သစ်ဦးကုသိုလ်အနေနဲ့ သင်္ကြန်တွင်း သာသနာ့ဘောင်ဝင်နေတဲ့ စွမ်းဇာနည်

၃။ ရှေ့ကသင်္ကြန်သီချင်းတွေ အရမ်းပေါက်ခဲ့တော့ ကိုယ့်ဘာသာ သင်္ကြန်သီချင်းတစ်ပုဒ်ဖန်တီးရမှာ မဝံ့မရဲဖြစ်ခဲ့တယ်ဆိုတဲ့ ဟိဏ်းသစ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သင်္ကြန်အကြတ်နေ့တွင် မန္တလေးအပါအဝင် နေရာအနှံ့အပြား တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်
Next post ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ