မေလထဲမှာ ချစ်သူနဲ့လက်ထပ်တော့မယ့် သရုပ်ဆောင် Ma Dong-seok

Train to Busan နဲ့ Eternals သရုပ်ဆောင် Ma Dong-seok ဟာ ရှည်လျားလှတဲ့ဘဝခရီးလမ်းကို လက်တွဲဖော်နဲ့အတူ ဖြတ်သန်းရင်ဆိုင်တော့မှာဖြစ်ပါတယ်။

တောင်ကိုရီးယားသရုပ်ဆောင် Ma Dong-seok ဟာ The Outlaws သရုပ်ဆောင် Ye Jung-hwa နဲ့ လက်ထပ်ထိမ်းမြား တော့မှာဖြစ်ကြောင်းသိရှိရပါတယ်။ Ma Dong-seok နဲ့ Ye Jung-hwa တို့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Punch Entertainment ရဲ့ အတည်ပြုချက်အရ Ma Dong-seok နဲ့ Ye Jung-hwa ဟာ မေလထဲမှာ သီးသန့်မင်္ဂလာပွဲကျင်းပကာ လက်ထပ် ထိမ်းမြားသွားမှာဖြစ်ပြီး အဆိုပါမင်္ဂလာပွဲကို နှစ်ဖက်ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းနဲ့သာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Ma Dong-seok နဲ့ Ye Jung-hwa ဟာ ၂၀၁၆ မှာ လူသိရှင်ကြားတွဲခဲ့ကြတာဖြစ်ပြီး ၂၀၂၁ မှာ လက်ထပ်ခဲ့ကြတာပါ။ Ma Dong-seok ရဲ့ ရုပ်ရှင်သစ် The Roundup: Punishment မှာလည်း Ye Jung-hwa က ပါဝင်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပခုက္ကူမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် ယနေ့နံနက် အစောပိုင်း မီးလောင်၊ တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရ
Next post ဧပြီ (၁၀)ရက်နေ့မှ (၁၂) ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်