မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်း အချို့တို့အား တရုတ်သံအမတ် သွားတွေ့

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် တပ်မတော်၏ယခင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် နိုင်ငံ့ခေါင်းဆောင်ဟောင်း အချို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနုတို့ကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်းအချို့ နှင့် တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ We Chat စာမျက်နှာမှတဆင့် ယနေ့ ဧပြီလ (၅) ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့နှစ်ကူး သင်္ကြန်အကြိုအဖြစ် သွားရောက်တွေ့ဆုံခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနှင့် ပြည်သူများ စားဝတ်နေရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ကူညီပေးနိုင်ရန် တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်က ဆိုသည်။ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် တရုတ် – မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင်နှင့်လည်း တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံ၏ပြဿနာများက ပြည်တွင်းရေးကိစ္စများသာဖြစ်ပြီး မြန်မာ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားရမည်ဟု တရုတ်သံတမန် ပြော
Next post ငလျင်လှုပ်ပြီးနောက် ပျောက်နေသူ ၁၈ ဦးကို ထိုင်ဝမ် ဆက်လက်ရှာဖွေနေ