အာဆီယံ – ရုရှား ညှိနှိင်းရေးမှူးတာဝန်ကို ဇူလိုင်လမှစတင်ကာ တာဝန်ယူမည် မြန်မာ

ဧပြီလ ၄ ရက်

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှစတင်ကာ အာဆီယံ – ရုရှား ညှိနှိင်းရေးမှူးတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံထံမှ လွှပြောင်းရယူသွားမည်ဖြစ်ကြောင်း အာဆီယံ-ရုရှား ပူးတွဲ ပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်း အဝေးမှ သိရပါတယ်။

(၂၂) ကြိမ်မြောက် အာဆီယံ-ရုရှား ပူးတွဲပူးပေါင်းဆောင် ရွက်မှု ကော်မတီ အစည်းအဝေးကို ဧပြီ (၃)ရက်က ဂျကာတာမြိုရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ 

အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိင်းရေးမှူး ကမ္ဘောဒီးယား အမြဲတမ်းကိုယ်စားလှယ် H.E. Heng Sarith နှင့် အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Evgeny Zag aynov တိုက ပူးတွဲ အစည်းအဝေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နေပြည်တော်လေဆိပ်သို့ ပျံသန်းဝင်ရောက်လာသော ဒရုန်းများအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဟန့်ထား