
နေပြည်တော်လေဆိပ်သို့ ပျံသန်းဝင်ရောက်လာသော ဒရုန်းများအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဟန့်ထား
နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ပျံသန်းဝင်ရောက် လာသော ဒရုန်းများအား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ရကြောင်း သိရသည်။


ယနေ့ ဧပြီလ(၄)ရက် နံနက် (၁၀)နာရီခွဲအချိန်၌ နေပြည်တော်လေဆိပ်အရှေ့ဘက် မှ ဒရုန်းယာဉ်(၄)စင်း ပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန် ကာကွယ် ရေးတပ်ဖွဲ့များက ပစ်ချဖျက်ဆီးခဲ့ရသည်။
အလားတူ ဇေယျာသီရီမြို့နယ် အရှေ့ တောင်ဘက်မှ ဒရုန်းယာဉ် (၃)စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် လူနှင့်အဆောက်အဦးများ ထိခိုက်ပျက်ဆီး ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နေပြည်တော်လေဆိပ်အားခေတ္တပိတ်ထားပြီး လေယာဥ်ခရီးစဥ်များ နှောင့်နှေးနေကြောင်း သတင်းများထွက်ပေါ်နေလျှက်ရှိသည်။
More Stories
ငလျင်ဒဏ်သင့် ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌရောက်ရှိ
မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည််နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၀ ရက်ကသွားရောက်၍ ပျက်စီးခဲ့ရသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဟိုပုံးမြို့ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ဖူးမြော် ကြည်ညိုပြီးနောက် ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခိုကျောင်းဆရာတော်ကိုလည်း ဖူးမြော်ကြည်ညိုခဲ့သည်။...
အမေရိကန်မှ ရွေ့လျားဆေးရုံ နေပြည်တော်တွင်ဖွင့်၊ မကြာမီ အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်မည်
နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြိုနယ်အားကစားကွင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse Internation Relief Organization ၏ရွေ့လျားဆေးရုံကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၉ ရက်...
နေပြည်တော် ရှိ ငလျင်ဒဏ်သင့် MICC1 နှင့် ရန်အောင်မြင်ဆည် သို့ နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
နစက ဥက္ကဋ္ဌသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည့် MICC-1 ပင်မအဆောက်အအုံအဝင်မျက်နှာကြက်ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့၏ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများအနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အားကြည့်ရှု စစ်ဆေးခဲ့သည်။ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်တွင် ငလျင်ဒဏ်ကြောင့် ကုန်း ချောတမံအက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊...
နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ နောက်ဆုံးထား လျှောက်ခွင့်ပြုမည်
၂၀၂၅ခုနှစ် အထွေအထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ(၉)ရက်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ သည်။ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့်အတွက် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးပါတီများပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းများကို...
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင် -၃၀၀)ကို နစက ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင် -၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၈ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ပြုပြင်၍ရနိုင်သည့်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊...
မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး
ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၇ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားပြိုင်ကွင်းကြီးအတွင်းရှိ ဘောလုံးကွင်းနှင့်...