ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းလူငယ်ကလပ်အသင်းများဖြင့် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၁၂ ဆန်ခါတင်ကစားသမား (၂၅)ဦး ရွေးချယ်ပြီးစီး

ဇူလိုင်လ ၂၆ ရက်

ဂျပန်နိုင်ငံတွင် သွားရောက်၍ ဘာစီလိုနာအပါအဝင် ဥရောပ ထိပ်တန်းလူငယ်ကလပ်အသင်းများဖြင့် ယှဉ်ပြိုင်ရန် မြန်မာ့လက် ရွေးစင် ယူ-၁၂ ဆန်ခါတင်ကစားသမား (၂၅)ဦးရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)က အသိပေးထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

၁၁ ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ယူ-၁၂ ကစားသမားများကိုရွေးချယ်ခဲ့ရာ ဇူလိုင်လ (၂၄)ရက်နှင့် (၂၅)ရက်များတွင် ပဏာမ ကစားသမား(၄၀)ဦးကို ရွေးချယ်ပြီးစီးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပဏာမကစားသမား(၄၀)ဦးအနက်မှ ဆန်ခါတင်ကစားသမား(၂၅)ဦးကို ယူ-၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ-၁၂ နည်းပြအဖွဲ့တို့က ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိ ဆန်ခါတင်ရွေးချယ်ခံထားရသော ကစားသမား(၂၅)ဦးကို စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်တွင် အပြီးသတ် ကစားသမား(၁၈)ဦးကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမိုက်စားဘော်ဒီနှင့် ပရိသတ်တွေကို နှုတ်ဆက်လိုက်သော နန်းခင်ဇေယျာ
Next post မြေအိုး နဲ့ ရောင်းတဲ့ မန္တလေးက (၂၀၀၀) တန် ဖက်ထမင်းဆိုင်