(၂၉-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၉-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်

ပြည်တွင်းသတင်းများ

၁။ CRPH၊ NUG၊ PDF တို၏ အဆိုးရွားဆုံးလုပ်ရပ်မှာ နိုင်ငံ့ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် ဖမ်းဆီးခြင်းများ ဖြစ်ဟု တပ်ချုပ်ပြောကြား

၂။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံနှင့် နယ်စပ်ခြံစည်းရိုးကို ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ အကုန်အကျခံ၍ တည်ဆောက်ဖွယ်ရှိ

၃။ လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာ (LoA) အသစ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး

၄။ နိုင်ငံခြားငွေလဲလှယ်သည် Money Changer ၆ ခုကို လိုင်စင်ရုပ်သိမ်းလိုက်ပြီး ၄ ခုကိုတော့ ဆိုင်းငံ့ခြင်းတွေ

ပြုလုပ်လိုက်တယ်လို့ ဗဟိုဘဏ်ပြော

၅။ လာမည့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၃၀၀) မီးရရှိရေး ငွေကျပ် (၁၇) ဘီလီယံဖြင့် ဆောင်ရွက်မည်

၆။ အကြမ်းဖက်သမားတွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို မိုင်းထောင်ဖောက်ခွဲခဲ့လို ကလေးငယ် ၅ ဦးနဲ့ သန့်ရှင်းရေးဝန်ထမ်းအချို ထိခိုက်ဒဏ်ရာရ

၇။ ပေါက်ခေါင်းမြို့တွင် လမ်းမပေါ် မိုင်းထောင်နေသည့် PDF နှစ်ဦး လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံး

၈။ မတ်လ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၇၉၈,၈၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၀၀ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရင်းနှီးမြှုပ်နှံမှုကျသဖြင့် ကန်စီးပွားရေး ထိပ်သီးများနှင့်တွေ့ဆုံခဲ့သည့် သမ္မတရှီ

၂။ ပါလက်စတိုင်းဒေသ ကုလကျွမ်းကျင်သူ ခြိမ်းခြောက်ခံခဲ့ရဟုဆို

၃။ တရုတ်သမ္မတနှင့် သီရိလင်္ကာဝန်ကြီးချုပ်တို့တွေ့ဆုံ

၄။ ဂျာမန်ရထားလုပ်ငန်းနှင့် အလုပ်သမားသမဂ္ဂ သဘောတူညီချက်ရရှိ

၅။ ဘော်လ်တီမိုးတံတားကိုတိုက်ခဲ့သည့်သင်္ဘောကို စစ်ဆေးနေ

၆။ ဗီယက်နမ်အမျိုးသားတစ်ဦးရဲ့ ဝမ်းဗိုက်ထဲက ငါးရှဉ့်အရှင်တစ်ကောင်ကို ဆရာဝန်တွေ အရေးပေါ် ဖယ်ရှားပေးခဲ့ရ

အားကစားသတင်းများ

၁။ မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း သွား‌ရောက်ကစားနေသည့် အိုဒီရှာအက်ဖ်စီအသင်း ချန်ပီယံဆု ဆွတ်ခူး

၂။ One Championship ပွဲစဉ်တစ်ခုတွင် မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ သုံးဦး ပါဝင်ထိုးသ-တ်မည်

၃။ စပိန်မြေဆီ ပြောင်းရွှေ့ဖို့မျှော်လင့်ချက်ကို မစွန့်လွှတ်သေးဘူးလို့ ဆိုလိုက်တဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်

၄။ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပယ်လ်မာကို ဘာကြောင့် အသုံးမပြုခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဆောက်ဂိတ်

၅။ ယူရို ၂၀၂၄ အင်္ဂလန်လူစာရင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့နေရာအတွက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အလန်ရှီးယားပြော

အနုပညာသတင်းများ

၁။ သမီးလေးမေမေဖြစ်တော့မယ်လို ပရိသတ်ကိုချပြလာတဲ့ အိချောပို

၂။ လူကြမ်းရဲ့သားဖြစ်ပေမယ့် မင်းသားဖြစ်ခွင့်ရလို ဖေဖေက ဂုဏ်ယူနေပါတယ်ဆိုတဲ့ သီဟအောင်

၃။ သူငယ်ချင်းဆိုတာ ဘယ်တော့ ခွဲခွာရမလဲမသိတဲ့အတွက် ရှိနေချိန်မှာ တန်ဖိုးထားဖို Friends သီချင်းကို ရည်ရွယ်ဆိုဖြစ်တာပါဆိုတဲ့ နီနီခင်ဇော်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက်သမားတွေက လူနာတင်ကားကို မိုင်းခွဲပြီး သေနတ်ပစ်လို့ လူနာနဲ့ ယာဉ်မောင်း ဒဏ်ရာရ
Next post (၂၉-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ