မိုက်တိုက်ဆန်က ၎င်းနှင့်အသက်(၃၀) ကွာသည့် ဂျိတ်ပေါလ်နှင့် ထိုးသတ်မည်

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သည် ၎င်းနှင့် အသက်(၃၀)ကွာသည့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂျိတ်ပေါလ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် Netflix က အသိပေးကြေညာထားသည်။

လက်ရှိတွင် မိုက်တိုင်ဆန်အနေဖြင့် အသက် (၅၇)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၎င်းနှင့်ယှဉ်ပြိုင်ထိုးသတ်မည့် ဂျိတ်ပေါလ်မှာ အသက် (၂၇)နှစ်အရွယ်သာ ရှိသေးသည်။ အဆိုပါ ပွဲအား ယခုနှစ် ဇူလိုင် (၂၀)ရက် စနေနေ့တွင် AT&T Stadium ၌ ကျင်းပမည်ဖြစ်ပြီး Netflix မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

မိုက်တိုင်ဆန်သည် ၂၀၀၅ ခုနှစ်မှစတင်၍ လက်ဝှေ့လောကမှ အနားယူခဲ့ပြီးနောက် (၁၅)နှစ်အကြာ၂၀၂၀ ပြည့်နှစ်တွင် လက်ဝှေ့အကျော်အမော် ရွိုင်ဂျုံးစ်ဂျူနီယာဖြင့် ပြန်လည်ထိုးသတ်ခဲ့သည်။ ထို့နောက် (၄)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ဂျိတ်ပေါလ်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခြင်းဖြစ်ပြီး ယခုပွဲစဉ်သည် မိုက်တိုင်ဆန်၏ လက်တဝှ့လောက၏ နောက်ဆုံးပွဲစဉ်ဖြစ် သည်ဟုလည်း ပြောကြားထားသည်။

အသက်ကွာဟသည့် ၎င်းတို့ နှစ်ဦးထိုးသ-တ်မည့်ပွဲစဉ်အား စိတ်ဝင်စားမှုမြင့်တက်နေသကဲ့သို့ ၂၀၂၀ ပြည့်နှစ်က ရွိုင်ဂျုံးစ်ဂျူနီယာဖြင့် ထိုးသတ်ခဲ့သည့် သရုပ်ပြပွဲသဏ္ဍာန်သာ ဖြစ်နိုင်သည်ဟုလည်း အများက သုံးသပ်ထားသည်ကို တွေ့ရသည်။ မိုက်တိုင်ဆန်နှင့် ထိုးသတ်မည့် ဂျိတ်ပေါလ်သည် ပရော်ဖက် ရှင်နယ် လက်ဝှေ့ပွဲပေါင်း (၁၀) ပွဲ ထိုးသ-တ်ထားကာ (၁)ပွဲသာ ရှုံးနိမ့်ထားသူ တစ်ဦးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Oppenheimer ရုပ်ရှင်က ၉၆ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ ဆု ၇ ဆု ဆွတ်ခူး