(၁၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အစိုးရ စက်မှု/လက်မှုသိပ္ပံ(မိုးညှင်း) ကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

၂။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆၅၂၃ ဦးရှိသည့်အနက် ပထမနေ့မြန်မာစာလာရောက်ဖြေဆိုသူ ၁၂၈၈၀၁ ဦးရှိ

၃။ မော်လမြိုင်မြိုတွင် လျှပ်စစ်ဝါယာကြိုးများ ခိုးယူသည်ဆောင်သူအမျိုးသားတစ်ဦး ဖမ်းဆီးရမိ

၄။ ရန်ကုန် – မန္တလေးရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက ထပ်မံမိုင်းခွဲဖျက်ဆီး

၅။ AA ပစ်ခတ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုပြီး ပြန်လာသည့် အပြစ်မဲ့ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို ဗုံးစထိမှန်ဒဏ်ရာများရရှိ

၆။ မြောက်ဥက္ကလာပမြိုနယ်တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားမှ အသက် ၃ နှစ်အရွယ်မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်

၇။ နေပြည်တော်၊ တုံးချိုရွာမှ ကျောင်းအုပ်ဆရာကြီးအား PDF များက ကြိုးတုပ်ဖမ်းဆီးပြီး သတ်ဖြတ်၍ ဦးခေါင်းပွင့်ထွက်သေဆုံး

၈။ မတ်လ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၇၉၆,၆၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၈၀ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၃၀ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ပုပ်ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ‘အတုအယောင် ဖျန်ဖြေရေး’ အဖြစ် ဇလန်းစကီးဝေဖန်

၂။ တောင်ကိုရီးယားအစိုးရက သပိတ်မှောက်ဆရာဝန် ၄,၉၀၀ အား ဆေးကုသခွင့်လိုင်စင် ဆိုင်းငံ့မှုများ စတင်လုပ်ဆောင်

၃။ ဟေတီနိုင်ငံ၌ ဖြစ်ပွားနေသည့် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ် ကာရီဘီယံညီလာခံ ကျင်းပ

၄။ ဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးကို ကူညီနေခြင်းထက် ပိုမိုထိခိုက်အောင်လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတပြော

၅။ ထရမ့်သာ သမ္မတဖြစ်လာပါက ယူကရိန်းကို ပိုက်ဆံထုတ်ပေးတော့မည်မဟုတ်၍ စစ်ပွဲစောစောပြီးသွားလိမ့်မည်ဟု ဟန်ဂေရီ ဝန်ကြီးချုပ်က ထရမ့်နှင့်တွေ့ဆုံအပြီး ထုတ်ဖော်ပြောကြား

၆။ လတ်ဗီးယားအစိုးရက ရုရှားနိုင်ငံသားများကို နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းစတင်လုပ်ဆောင်

အားကစားသတင်းများ

၁။ MFF – Berocca Summer Football Course (ရန်ကုန်) နွေရာသီ လူငယ် ဘောလုံးသင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်

၂။ ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ဘာပေကို မိမိတို့အမှတ်ရနေမှာဖြစ်ကြောင်း ပြောကြား

၃။ မက်အယ်လစ္စတာကို ဒိုကူ ကန်လိုက်တာနဲ့ ပတ်သက်ပြီး ပင်နယ်တီမပေးခဲ့တာဟာ ဒိုကူက ဘောလုံးကို ကန်လိုက်တယ်ဆိုပြီး VARက ယူဆခဲ့လို့ဖြစ်ကြောင်း SkySportsက ဖော်ပြ

၄။ ပြီးခဲ့တဲ့ နွေရာသီက ဂရင်းဝုဒ်ကို ပထမအသင်းသို့ ပြန်လာခွင့်မပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကစားသမားဟာ ဂီတာဖေးတွင် အငှားကစားနေတာဖြစ်

၅။ ပေါ်တူဂီဂန္ထဝင်နည်းပြ မော်ရင်ဟိုတစ်ယောက် ရိုးမားကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေ

အနုပညာသတင်းများ

၁။ အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ပိုပြီး စိတ်ချမ်းသာပျော်ရွှင်နေရတယ်ဆိုတဲ့ မြတ်သူသူ

၂။ “ငယ်ချစ်ဦးသိုအလွမ်းပြေ” တေးအယ်လ်ဘမ်က သီချင်းတွေက မူပိုင်ခွင့်ဥပဒေအတိုင်း အတိအကျလုပ်ဆောင်ပြီးမှထွက်ရှိထားတာပါ ဆိုတဲ့ ချယ်ရီသင်း

၃။ ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Oppenheimer ရုပ်ရှင်က ဆု ၇ ဆု ဆွတ်ခူး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “သူ့ကိုမှ ချစ်မိသည်” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေး ကျင်းပ
Next post မိုက်တိုက်ဆန်က ၎င်းနှင့်အသက်(၃၀) ကွာသည့် ဂျိတ်ပေါလ်နှင့် ထိုးသတ်မည်