(၂၈-၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၈-၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါသည်။
ပြည်တွင်းသတင်းများ
၁။ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်သည် စီးပွားရေး ပြန်လည်ထူထောင်မှုကို အရှိန်မြှင့်တင်ပေးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးပြော
၂။ နိုင်ငံခြားငွေ ကိုင်ဆောင်ဈေးကစားသူများအား အရေးယူမည်
၃။ အထည်ချုပ်ကဏ္ဍမှာ Brand ကုမ္ပဏီအသေးများ၏ စိတ်ဝင်စားမှုကို ပြန်ရရှိနေဟု အထည်ချုပ်အသင်းဥက္ကဋ္ဌ ပြော
၄။ ဝန်ထမ်းများ နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းရန်၊ လူ့အဖွဲအစည်းအတွက် အချိန်ကို အကျိုးရှိစွာ အသုံးပြုရန်နှင့် တစ်ပါးသူများကို ကူညီရန် နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
၅။ ကမ္ဘာ့ဆန်တင်ပို့မှုတွင် မြန်မာနိုင်ငံသည် အဆင့် (၈) နေရာတွင်ရှိနေ
၆။ ဒိုက်ဦးမြို့နယ်မှ ပျောက်ဆုံးနေသည့် (၃) နှစ်အရွယ် က-လေးငယ်၏ အလေ-ာင်းအား (၄) ရက် မြောက်နေ့တွင် ပြန်လည်တွေ့ရှိ
၇။ ကလေးတက္ကသိုလ်ကို စီးနင်းတိုက်ခိုက်စဥ် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူ ၁၄၀ ကျော် ဖမ်းဆီးနိုင်ခဲ့သော်လည်း တိုက်ပွဲအတွင်း ချင်း PDF ခြောက်ယောက်သေ
၈။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၆၅၉,၄၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၇၀ ကျပ်၊ Octane 95 – ၂၈၈၅ ကျပ်၊ Diesel – ၂၅၆၅ ကျပ်၊ Premium Diesel – ၂၆၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ နိုင်ငံအရှေ့ပိုင်းရှိရွာမှ ဆုတ်ခွာပေးလိုက်ရကြောင်း ယူကရိန်းစစ်တပ်အတည်ပြု
၂။ အိန္ဒိယဝန်ကြီးချုပ် ရေအောက်တွင် ဘုရားဝတ်ပြု
၃။ ရုရှားကြောင့် တရုတ်ကုမ္ပဏီများကို ကန် ၏ပိတ်ဆို့အရေးယူမှုအား တရုတ်ဆန့်ကျင်
၄။ ဂျပန် လဆင်းယာဉ် မမျှော်လင့်ဘဲ ပြန်လည်သက်ဝင်လှုပ်ရှားလာဟု ဆို
၅။ အာဖဂန်နစ္စတန်ုနိင်ငံမှာ ပြီးခဲ့တဲ့နှစ် မေလထဲက ဖမ်းဆီးခဲ့တဲ့ အသက် ၈၄ နှစ်အရွယ် ဩစတြေးလျ လက်ယာ အစွန်းရောက် အမျိုးသားရေဝါဒီသမားတစ်ယောက်ကို တာလီဘန်အဖွဲ့ ပြန်လွှတ်ပေး
၆။ ဂျာမနီတွင် နှစ် ၁၁,၀၀၀ ခန့်ရှိ တံတိုင်းအား ရှာဖွေတွေ့ရှိ
အားကစားသတင်းများ
၁။ အဖွင့်ပွဲစဥ်တွင် ရှုံးပွဲကြုံခဲ့ရသည့် Burmese Ghouls
၂။ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ ရော်နယ်လ်ဒို
၃။ နိုင်ပွဲပြန်တွေ့တဲ့ ဂျီရိုနာ
၄။ ဂရာဗန်ဘာ့ချ်ဒဏ်ရာ မပြင်းထန်ရန် ကလော့ပ်မျှော်လင့် ၅။ ဟမ်းမားတွေရဲ့ အရှူံးညတွေကို ဟက်ထရစ်နဲ့ ကယ်တင်ခဲ့တဲ့ ဘို၀င်
အနုပညာသတင်းများ
၁။ အချစ်ဒရာမာဇာတ်လမ်းပုံစံ ” တယုတယခြွေ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး
၂။ ပိတ်ကားထက်မှာ ဆက်လက်အောင်ပွဲခံလျက်ရှိနေတဲ့ Paramount ရဲ့ Bob Marley: One Love
၃။ Netflix နဲ့ A24 တို့ရဲ့ Beef Season 2 မှာ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်လာဖွယ်ရှိ