ဖလားလေးလုံးလမ်း​ကြောင်းပေါ်က လီဗာပူးလ် ကာရာဘောင်းဖလား သိမ်းပိုက်

ဒီရာသီ ဖလားလေးလုံးလမ်းကြောင်းပေါ်က လီဗာပူးလ်အသင်းဟာ ချဲလ်ဆီးကို အနိုင်ယူကာ ကာရာဘောင်းဖလား သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ ပုံမှန် ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျခဲ့လို့ အချိန်ပို မိနစ်(၃၀) ထိ အပြန်အလှန် တိုက်စစ်ဆင်နွှဲရင်း ပွဲကစားချိန်ကြာရှည်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ၁၁၈ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့ပြီး တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးသွင်းရှင် နောက်ခံလူ ဗန်ဒိုက်ကလည်း ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါသည်။ လီဗာပူးလ်ဟာ ကာရာဘောင်းဖလားကို ၁၀ ကြိမ်မြောက် ပိုင်ဆိုင်ကာ အအောင်မြင်ဆုံးအသင်း ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး၏ ၂လပြည့် အလှူ ပြုလုပ်ခဲ့သော သရုပ်ဆောင် ခိုင်သင်းကြည်
Next post (၂၇-၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်