အချစ်ဦးက မိန်းကလေးကောင်မလေးလို့ ပြောပြလာသော သရုပ်ဆောင် စနိုးကြည်ဖြူ

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ Mahar ရုပ်သံလိုင်းမှာပြသလျက်ရှိသော ကုထုံးမဲ့ချစ်ခြင်း ဇာတ်လမ်းတွဲထဲမှာ မိန်းမရှိတဲ့ လူကို လိုက်ချစ်ရပြီး မိန်းကလေးချင်း ကြိုက်ခံရသော သူနာပြုမလေး ဂျူလိုင် အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ ရည်စားဦးကကောင်းမလေး ဖြစ်ပြီး ကာရိုက်တာက သူမအတွက် စိမ်းတဲ့အရာမဟုတ်ပါဘူးလို့ သရုပ်ဆောင် စနိုးကြည်ဖြူ က ဆိုလာပါသည်။

ကိုယ်တိုင်က စမ်းချောင်း ၂ ထွက်ဆိုတော့ မိန်းကလေးကျောင်းမို့ အချင်းချင်း အချစ်တော်ထားကြတာလေ၊ ငယ်တဲ့အချိန်မှာ အချစ်တော်ထားကြတာပါပဲ ။ စနိုးရဲ့ အချစ်ဦးကလည်း မိန်းကလေးပဲလေ၊ ဂျူလိုင်ဖြစ်သွားတဲ့အချိန်မှာ ဖြူသဲဦး(သျှား)နဲ့ ပြောရတဲ့အခန်းလေးတွေဆိုရင်တော့ အသည်းယားစရာလေးပေါ့ ။ စနိုးက LGBT ကာရိုက်တာကို ဒုတိယအကြိမ် လုပ်ရ တာလေ ..ဆိုတဲ့ ကုထုံးမဲ့ချစ်ခြင်း အကြောင်း သရုပ်ဆောင် စနိုးကြည်ဖြူ က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post British Academy Film Awards မှာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် ဆု ၇ ဆုကို Oppenheimer ဇာတ်ကား ဆွတ်ခူး
Next post ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော် မတ် ၁၈ ရက်နေ့ ကျင်းပမည်