မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့ ရန်ကုန်တွင် ခြေစမ်းပွဲ ကစားမည်

January 25, 2024

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့သည် ရန်ကုန်တွင် ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခြေစမ်းပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်းတွင် တည်ဆောက်ထားသော နိုင်ငံတကာ အဆင့်မီ ဖူဆယ်ကွင်းဖြစ်သည့် MFF Futsal Stadium တွင် ပထမဆုံးအကြိမ်ကျင်းပသည့် နိုင်ငံတကာ ဖူဆယ်ပွဲစဉ်အဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့၏ ပွဲစဉ်ကို မတ်လ (၃၀) နှင့် (၃၁) ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးနှင့် ကျင်းပမည့် အချိန်များကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန် ဖူဆယ် အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှု (၅၃) တွင် ရပ်တည်နေသောအသင်းဖြစ်ပြီး ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်က ကျင်းပခဲ့သော CAFA Futsal Championship ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့ကာ ပြိုင်ပွဲတွင် အီရန် ယူ-၂၃ အသင်း၊ အာဖဂန်နစ္စတန် ဖူဆယ် အသင်း၊ ဥဇဘက်ကစ္စတန် ဖူဆယ် အသင်း၊ တာဂျစ်ကစ္စတန် ဖူဆယ်အသင်း၊ တာမစ်နစ္စတန် ဖူဆယ် အသင်း၊ ကာဂျစ်ကစ္စတန် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့သည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Continental Futsal Championship 2023 ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး အာဖဂန်နစ္စတန် အသင်းက (၅) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အုပ်စုပထမရ၍ ဂူနီယာပရိသတ်များ ပျော်ရွှင်
Next post စပိန်ကိုပါဒယ်ရေးက ထွက်ရပြီး အလဲလဲအပြိုပြိုဖြစ်နေတဲ့ ဘာစီလိုနာ