တရုတ်ပြည်သူတွေကို တောင်းပန်စကား ဆိုလိုက်ရတဲ့ ရော်နယ်ဒို

January 24,2028

ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းဟာ ယနေ့ ဗုဒ္ဓဟူးနေ့မှာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်မှာ ယှဥ်ပြိုင်ကစားဖို့ ကနဦး စီစဥ်ထား တာပါ။

ဒါက တရုတ်ပြည်သူတွေအတွက် ကမ္ဘ့ာအကောင်းဆုံး ကစားသမားတစ်ဦးကို မြင်တွေ့ရဖို့ အခွင့်အရေး အကြီးကြီး ဖြစ်တာကြောင့် များစွာ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့တာပါ။

ဒါပေမယ့်လဲ မမျှော်လင့်ထားပဲ ပွဲကို ဖျက်လိုက်ရပြီး အကြောင်းကတော့ ရော်နယ်ဒို ကြွက်သား ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိတဲ့အတွက် ဖြစ်ပါတယ်။

ဒီအတွက် မူလ စီစဥ်ထားတဲ့ ရက်ကနေ ဇန်နဝါရီလ ၂၈ ရက်နေ့ကို ပြောင်းလဲ စီစဥ်လိုက်ရပါတယ်။ ဒါပေမယ့်လဲ တရုတ်ပြည်သူတွေက မူလသတ်မှတ်ထားချိန်အတိုင်း ရော်နယ်ဒိုတို့ တည်းခိုမယ့် ဟိုတယ်ကို သွားရောက် ကြိုတင် စောင့်ဆိုင်းနေကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြဝတီအသင်းမှ ဟိန်းဇေယျာမင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ
Next post အုပ်စုပထမရ၍ ဂူနီယာပရိသတ်များ ပျော်ရွှင်