ဂန္ထဝင်တေးသံရှင် မောင်မောင်ကြီးရဲ့ နောက်ဆုံးခရီး

ဂန္ထဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး အသက်(၉၃)နှစ် ရဲ့ နောက်ဆုံးခရီးကို ဒီနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်ခန်းမ (၁ က) မှာ ပြုလုပ်ခဲ့ပါတယ်။

ရဟန်း၊ ကျောင်း၊ ဘုရား ဒါယကာကြီး လူမှုထူးချွန် ပထမအဆင့်၊ လူမှုထူးချွန်တတိယအဆင့် နိုင်ငံတော် ဂီတအစည်းအရုံး နာယကကြီး ဂန္ထဝင်တေးသံရှင် စည်သူဦးမောင်မောင်ကြီးရဲ့ ဈာပနမှာတော့ ဦးခင်မောင်ကြီး၊ကျော်ကျော်ဟန် ၊ တက္ကသိုလ် လဲ့လဲ့၊ ရီရီသန့်၊ သူဇာအောင်၊ ချိုပြုံး စတဲ့ နာမည်ကြီး ဂီတမိသားစုတွေ တက်ရောက်ခဲ့ပြီး ဝမ်းနည်းစွာနဲ့ ပို့ဆောင်ရင်း ဂါရဝပြုနှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးမောင်မောင်ကြီးဟာ ဇန်နဝါရီ ၁၅ ရက် ညနေ ၃နာရီခွဲက ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောကုသဆောင်မှာ ‌လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းဟာ ဂီ‌တလောကအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒေါ်မာမာအေးနဲ့ ဦးမောင်မောင်ကြီးတို့ ဂန္တဝင် ဂီတပညာရှင်ကြီး နှစ်ဦးကို ဆုံးရှုံးခဲ့ရလို့ ဂီတလောကအတွက် ဆုံးရှုံးမှု ကြီးမားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်ကို KNPP နှင့် PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး
Next post တောင်ကြီးမြို့ရှိ ရွှေတောင်ရိုး အဝေးပြေးကားဂိတ် မီးလောင်မှုဖြစ်ပွား