City Taxi ယာဉ်များ အဝါရောင်လိုင်း Sticker တပ်ဆင်မှု ၈၆ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်မှု ၈၆ ရာခိုင်နှုန်း တပ်ဆင်ပြီးစီးပြီဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သိရသည်။

City Taxi ယာဉ်များအားလုံး စတစ်ကာတပ်ဆင်ရန် ညွှန်ကြားထားမှုသည် အခြားသောယာဉ်များနှင့် ကွဲပြားမှုရှိစေရန်၊ ထင်ထင်ရှားရှားမြင်နိုင်စေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်ဖြစ်သည်။ အဆိုပါစီမံချက်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပညာပေးကာလနှင့် ထိုကာလကျော်လွန်သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပိုဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောက်တံခါးမြို့တွင် လယ်ထဲသို့ဆေးလာဖျန်းသည့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်တစ်ဦးနှင့် ၎င်း၏ သမီးတို့ သေနတ်ပစ်ခံရ
Next post မွန်ပြည်သစ်ပါတီ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နိုင်ထောမွန် ထိုင်းနိုင်ငံတွင် ကွယ်လွန်