“လိပ်ပြာအံဝှက်” ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး ကျင်းပ

အောင်စေ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် စိတ်လှုပ်ရှားစရာ လျှို့ဝှက်သည်းဖို ခြောက်ခြားစရာ ဇာတ်လမ်းပုံစံ “လိပ်ပြာအံဝှက်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

ဒီဇာတ်လမ်းကတော့ ဟာသ၊ စိတ်လှုပ်ရှားစရာ လျှို့ဝှက်သည်းဖို ခြောက်ခြားစရာများ၊ ဝမ်းနည်းစရာလေးနဲ့ ရသစုံအောင် ပုံဖော်ထားကြောင်း သိရှိရပါတယ်။

အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဒီဒီထက်အောင်ကရေးသားပြီး ဒါရိုက်တာစိုးမိုးမင်းက ရန်ကုန်မြို့နယ် အပြင်မှော်ဘီက သင်္ချိုင်း ဘက်တွေမှာလည်း အကောင်းဆုံး ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင် အနေနဲ့ အလင်းရောင် ၊ ခင်ဝင့်ဝါ ၊ ထက်အောင်ရှိုင်း ၊ ခင်လှိုင် ၊ သံသာမိုးသိမ့် ၊ ခင်သဇင် ၊ ဆွိ ၊ ဆင်မ ၊ နေဆန်း၊ ထူးနိုင်လင်း၊ စိုးကြီး ၊ ဇော်ဝင်းနိုင်၊ ကေညီ ၊ ဦးတိမ်ညွန့် နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မော်လမြိုင်မြို့တွင် သံလွင်မြစ်တွင်းသွား အပျော်စီးသင်္ဘော ယနေ့ စတင်ခုတ်မောင်း
Next post PDF က Drop Bomb ချ၍ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိမှု ရွှေဘိုမြို့တွင် ဖြစ်ပွား