ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး၏ (၁၆) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး၏ (၁၆) ကြိမ်မြောက်ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖွင့်ပွဲနေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ထူးကုမ္ပဏီများ အုပ်စုမှ တာဝန်ရှိလူကြီးများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်ပွဲနေ့နံနက်ပိုင်းအခမ်းအနားမှာတော့ မြို့မတေးဂီတ အဖွဲ့နှင့်အတူ နိုင်ငံကျော်အဆိုတော် ဖိုးသောကြာ၊ စိမ့်နေခြည်တို့အပြင် မြို့မတေးဂီတအဖွဲ့မှ ပင်တိုင်အဆိုတော်များက ပါဝင်သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။

ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေ့စဉ်ဖျော်ဖြေရေးအဖြစ် တေးသီချင်းသီဆိုဖျော်ဖြေခြင်းများ၊ အခြားသောဖျော်ဖြေရေး အစီအစဉ်များပါဝင်သွားမှာဖြစ်လို့ ပန်းချစ်သူ၊ တေးချစ်သူများ က လာရောက်အပန်းဖြေ အနားယူနိုင်ပါကြောင်းနှိုးဆော်ထားကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတား ဆက်ခြင်းအထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားသို့ နစက ဉက္ကဋ္ဌ တက်ရောက်
Next post ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ရေနံချက်စက်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်ဖို့ နစက ဥက္ကဋ္ဌ ပြောကြား