နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်

ယနေ့ ဒီဇင်ဘာလ(၇)ရက်နေ့တွင်နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်မတော် အရာရှိများ ၊ ရဲတပ်ဖွဲဝင်များနှင့် လူပုဂ္ဂိုလ်အချိုကို နစက ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲတံဆိပ်များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ်(၂၄၂/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သော သူရဘွဲ့(၄)ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် (၃၅)ဦး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော ရဲသူရတံဆိပ် (၅)ဦး၊ ရဲဗလတံဆိပ် (၁၀၃)ဦး၊ စုစုပေါင်း (၁၄၇)ဦးတို့အား ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးတိုင်းဒေသကြီး၊ တောင်ပြုန်းကျေးရွာအုပ်စုတွင် ယနေ့နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွား
Next post ပဲခူးမြိုရှောင်လမ်းတွင် ဆီသယ်ယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား