မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကို PDF အဖွဲ့များ ကျူးလွန်ကြောင်း အမေရိကန်အစိုးရထုတ်ပြန်

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ် ၅၀ ရာခိုင်နှုန်းကို PDF အဖွဲများ ကျူး လွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာ၌ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု ဖြစ်စဉ် ၃၉၁ ကြိမ် ရှိခဲ့ပြီး လူပေါင်း ၂၁၃၀ ဦး သေဆုံးခဲ့ရာ အဆိုပါ အရေအတွက်သည် ကမ္ဘာ့တစ်ဝန်း၌ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ဦးရေ၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် ၂၀၂၂ ခုနှစ် အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှု အစီရင်ခံစာ 2022 CRT ကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်သည်။ အစီရင်ခံစာ၏ ဖော်ပြချက်၌ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် PDF အဖွဲ့များ၏ သတ်ဖြတ် ကျူးလွန်မှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။

အစီရင်ခံစာ၌ ပြည်သူကာကွယ်ရေးတပ်ဖွဲဟု အမည်တပ်ထားသော Peoples Defence Force(PDF) သည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ၏ အဓိက ကျူးလွန်သူဖြစ်ပြီး အကြမ်းဖက်မှု ၁၉၈ ကြိမ် ( ဖြစ်ရပ် အားလုံး၏ ၅၀ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (CDF) သည် အကြမ်းဖက်မှု ၂၉ ကြိမ် (၇ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ပြီး ကရင်နီ တိုင်းရင်းသား များကာကွယ်ရေးတပ်ဖွဲ (KNDF) မှ ၂၇ ကြိမ် (၇ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိ ရသည်။ ကျန် ၁၄ ရာခိုင်နှုန်း အတွက် ကျူးလွန်သူအုပ်စုများကိုမူ သတ်မှတ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် အဖြစ်များသော အကြမ်းဖက်မှုအမျိုးအစားများတွင် ပစ်ခတ်တိုက်ခိုက်မှု (၃၈ ရာခိုင်နှုန်း)၊ မြေမြှုပ်မိုင်း သိုမဟုတ် IED (၂၁ ရာခိုင်နှုန်း)နှင့် Drop Bomb တိုက်ခိုက်မှု (၁၉ ရာခိုင်နှုန်း) ရှိကြောင်း အစီရင်ခံစာ၏ ဖော်ပြချက်၌ တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း အသည်းရောဂါနဲ့ ကွယ်လွန်
Next post မင်္ဂလာလက်မှတ်‌ရေးထိုး တစ်နှစ်ပြည့် အမှတ်တရ စတုဒီသာ ကျွေးမွေးခဲ့သော ရွှေရည်သိန်းတန်တို့ဇနီးမောင်နှံ