(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ၏ ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲအား နစက ဥက္ကဋ္ဌ ကြည့်ရှုအားပေး

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနနှင့်သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊လေ့ကျင့်ရေးဇာတ်ရုံတို့၌ ကျင်းပလျက်ရှိရာ ယနေ့ အောက်တိုဘာ ၂၉ ရက် တွင်ကျင်းပသည့် ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲများအား နစက ဥက္ကဋ္ဌကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌမှ တိုင်းရင်းသားရိုးရာကျေးလက်ရိုးရာအကပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း)အမျိုးသား ဒုံးမင်းအတီးပြိုင်ပွဲ၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဆိုပြိုင်ပွဲတွင် အဆင့်မြင့်ပညာရှင် (အမျိုးသား)ပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်း ဝါသနာရှင် ဒုတိယတန်း(အမျိုးသား)ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရူးသွပ်ဖွယ် comeback တစ်ခုကို လုပ်ပြလိုက်တဲ့ နည်းပြ ရေနီယာရီ
Next post မန္တလေးမြို့လယ် (၈၄)လမ်းပေါ်က ရွှေဆိုင် ဓားပြတိုက်ခံရ