ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို သက်ဆိုင်ရာက ထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်
ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ် မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အတည်ပြုဆဲ သတင်းများထွက်ပေါ်လျက်ရှိပါတယ် ။
ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တပ်မတော်မှာတာဝန်ယူဖူးတဲ့ ဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးမဖြစ်ခင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးဒုဝန်ကြီးနဲ့ ဦးသိန်းစိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖြစ်စ ဥ်ကတည်းက လူမှုကွန်ရက်မှာနာမည်ကြီးသူဖြစ်ပြီး သူရေးတဲ့ခရီးသွားဆောင်းပါးတွေက လူသိများခဲ့သလို NLD အစိုးရဟောင်းလက်ထက်မှာလည်း စင်ကာပူက ISEAS -Yusof Ishak Institute မှာ အကြီးတန်းသုတေသီအဖြစ် ၂၀၁၉ အကုန်ပိုင်းအထိ သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၂၁ ခုနစ်နောက်ပိုင်းတွင် သူ၏ လူမှုကွန်ယက်ကနေ ပြည်သူလူထုထိတ်လန့်စေရန်ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်းများ ပြစ်မှုကျူးလွန်လာ စေရန်ရည်ရွယ်လှုံ့ဆော်ခြင်း ရေးသားလာပြီး ၅၀၅(က)ဖြင့် အရေးခြင်း ခံရသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်တယ်။
အခုအခါ သူ၏FB တွင် လွန်ခဲ့သော ၁၀ရက်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဥ်ကိုမှတ်တမ်းတင်လာရာ လွန်ခဲ့သည့် ၂ရက်ကအထိ ခရီးသွားဆောင်းပါးများတင်နေခဲ့ပြီး ယခု၂ရက်တွင် မည်သည့်တစုံတရာမျှတင်ထားခြင်းမရှိပေ။ထိုသို့ စတေးတပ်စ်တင်ခြင်းရပ်သွားခြင်းသည်လည်း ထင်ကြေးပေးစရာများဖြစ်စေသည်။