လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ အန်ဘိုဟွန်း

ကိုရီးယားနာမည်ကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသား အန်ဘိုဟွန်းတို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ။ သူတို့လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။

“ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ရဲ့ဆက်ဆံရေးက အလုပ်အရမ်းများတာကြောင့် ဝေးကွာဖို့ဖြစ်လာခဲ့ပြီး မကြာသေးခင်ကမှ လမ်းခွဲခဲ့ ကြတယ်” လို့ သတင်းထွက်ရှိခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး BLACKPINK ရဲ့အေဂျင်စီ YG Entertainment က အခုလို အတည်ပြုပေးခဲ့ပါတယ်။ “ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ လမ်းခွဲလိုက်တာ မှန်ပါတယ်”လို့ ဆိုပါတယ်။

ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ ချစ်သူဖြစ်နေတယ်ဆိုတာကို ဩဂုတ်လကမှ အတည်ပြုခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မကွေး မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ယနေ့စတင်
Next post အမျိုးသားရေး အားမာန်ခမ်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဟု နစက ဥက္ကဋ္ဌပြော