တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေမှုကို နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု စစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၂ ရက်၊ နံနက် ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေသည့်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ထိုသို့သွားရောက် ကြည့်ရှုစစ်ဆေးရာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေမှု၊ စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်း တည်နေရာနှင့်အကျယ်အဝန်း မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ ဝင်ထွက်သည့်လမ်းများစနစ်တကျရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုရှိစေရေး၊ သင်တန်းများဖွင့်လှစ်ချိန်တွင် သင်တန်းသားများ၏ နေထိုင်စားသောက်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်မှုများနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဆောက် လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ်အဆောက်အဦအားစံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် အခြားလို အပ်သည်များကို လမ်းညွှန်မှာကြားသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအား ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဘဝတိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချပေးရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အချင်း ချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုအထောက်အကူပြုစေရန်နှင့် မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယ၌ မျောက်တစ်ကောင်သည် ၎င်းအားအစာကျွေးသူ၏ နာရေးသို့ ကီလိုမီတာ ၄၀ ရှိသည့်နေရာမှလာရောက်ခဲ့
Next post ဆင်မကြီးမိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲကျင်းပမည်