မြန်မာခွေးလိမ္မာရုပ်ရှင်ကား ပြသတော့မည်

အမြဲတမ်း ကွဲထွက်တဲ့ သရုပ်ဖော်မှုတွေနဲ့ ပရိသတ်ကို တင်ဆက်လေ့ရှိတဲ့ လူငယ်သရုပ်ဆောင် ဒါရိုက်တာ ဝင်းလွင်ထက် သူ့ရဲ့ ရုပ်ရှင် ဇာတ်ကားသစ်ဖြစ်တဲ့ ‘ကံကောင်း’ ရုပ်ရှင် ကို ပရိသတ်​ရှေ့မှာ မကြာခင် ချပြတော့မှာဖြစ်ပါတယ်။

”ဒီဇာတ်ကားက ဖြစ်လာရတာက ကျွန်တော့်အိမ်မှာ ကျွန်တော့်သားလေးရှိတယ်။ သူ့ကို ကျွန်တော်အရမ်းချစ်တာ။ သူနာမည်ကလပ်ကီး။ ကျွန်တော်အိမ်မှာအလုပ်ပင်ပန်းပြီးပြန်လာရင် သူနဲ့ပဲဆော့တယ်။ သူတို့ကလည်း ကျွန်တော်ပြန်လာရင် ကြိုတယ် အရမ်းလည်းချစ်ဖို့ကောင်းတယ်။ ဒီကားလေးရိုက်ဖြစ်တာ သူ့ကြောင့်ပဲပေါ့” လို့ ဒါရိုက်တာဝင်းလွင်ထက် ကပြောပါတယ်။

အဆိုပါ ဇာတ်ကားဟာ မြန်မာ့ရုပ်ရှင်ရေစီးကြောင်းဖြစ်တဲ့ ချစ်၊ကြိုက်၊ကွဲ၊ညား မဲပြာပုဆိုးထဲက ခွဲထွက် ထားတဲ့ဇာတ်ကား ဖြစ်ပြီး ခွေးလေးနဲ့ ရဟန်းတစ်ပါးတို့ရဲ့ သံယောဇဥ်ဖွဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

‘ကံကောင်း’ ရုပ်ရှင် ဇာတ်ကားမှာ ပိုင်တံခွန် ၊ သူထူးစံ၊ နေထွဋ်၊ ခင်ဇာခြည်ကျော် တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ၁၇ – ၁၁- ၂၃ မှာ မြန်မာနိုင်ငံရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှာဖြစ်သလို ယိုးဒယား ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ အခြားနိုင်ငံများမှာလည်း ပြသနိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မျက်စိဆေးရုံကြီးမှာ လူကြီးမျက်စိလူနာများသာမက ကလေးမျက်စိလူနာများလည်းကုသပေးမှုရှိနေ
Next post OMGနဲ့ စံအိမ် Fan meeting မှာတွေ့ရတဲ့ အနုပညာရှင်များ