ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များ အရောင်းစင်တာဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

အဆိုပါ MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ထွက်ရှိလာသည့် ဒေသထွက်စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံးပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ ပစ္စည်းအမျိုးပေါင်း(၈၀)မျိုးကျော်အား ဆိုင်ခန်းပေါင်း(၃၇)ခန်းဖြင့် ပင်ရင်းဈေးအတိုင်း နေ့စဉ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး MSMEs ထုတ်ကုန်များ အရောင်းစင်တာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက တိုင်းဒေသကြီး MSMEs ထုတ်ကုန် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကိုယ့်အတွက် Challenge ဖြစ်စေမယ့် ကာရိုက်တာကို ရိုက်ချင်တယ်ဆိုတဲ့ ယမင်းမေဦး
Next post လိုင်ဇာ၊ မုန်လိုက်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို အာဆီယံထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်း ဖော်ပြ