ဒို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှNCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များအား နေပြည် တော်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တပ်မတော်အနေဖြင့် တွေ့ဆုံဆွေးနွေးမှု များကို ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတော်နှင့်တပ်မတော်အနေ ဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊စားရေရိက္ခာပေါများရေး၊စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် ကောင်းစေရန် သက်ဆိုင်သူအားလုံးက တူညီသည့်ဆန္ဒများ ဖြင့်ဆောင်ရွက် ရန်လိုအပ်သည်ဟု ဆိုသည်။

ထို့အတူ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ဒေသအလိုက်တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ကာ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။


ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆောင်ပုဒ်အတိုင်းကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလုံးကလည်း ပါဝင်ဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။


ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များမှလည်း NCA နှင့်ပတ်သက်၍ အချို့အဖွဲ့အစည်းများ ကပျက်ပြယ်ပြီဟုထုတ်ပြန်မှုများရှိသော်လည်း NCA စာချုပ်မှာပျက် ပြယ်မှုမရှိဘဲတည်တံ့ခိုင်မြဲနေဆဲဖြစ်ပြီး NCA လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းလျက်ရှိသည်ဟု ဆွေးနွေးပြောကြားခဲ့ကြသည်။


ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ရှေ့ဆက် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ NCA တွင်ပါဝင်မှုမရှိသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ NCA တွင်ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်သည့် အခြေအနေများ၊ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေးနှင့်ဒေသအလိုက်ဖွံ့ဖြိုးတိုး တက်မှုများရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ဒေသအလိုက် ပညာရည်မြင့်မားရေးအတွက်ဆောင်ရွက်သင့်သည့် အခြေ အနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။


နစက ဥက္ကဋ္ဌအား KNU/KNLA(PC)ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ် ပါတီ(NMSP) ဗဟိုအလုပ် အမှုဆောင် နိုင်ဗညားလယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF) ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းတို့မှ လာရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်ပြီးနောက် ဂျော်ဒန်သို့ ခရီးဆက်မည့် သမ္မတ ဂျိုးဘိုင်ဒန်
Next post Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သန္တာစိုး ဝင်ရောက် ယှဉ်ပြိုင်မည်