သီတင်းကျွတ်ကာလ ပုဂံဒေသရှိ ဟိုတယ်များတွင် ကြိုတင်ချိတ်ဆက် အခန်းမှာယူထားမှုများ ပြည့်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်နှင့် မိုတယ်များတွင် အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ချိတ်ဆက် မှာယူထားမှုတွေနှင့် ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်ကာလ မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူး လေ့လာရေးလာရောက်သူများ များပြားလျက်ရှိရာ သီတင်းကျွတ်အချိန် မိဘဘိုးဘွားများ၊ ဆွေမျိုးမိတ်ဆွေများထံပြန်၍ ကန်တော့ကြရင်း ဘုရားဖူးလာ ရောက်ကြကြောင်း၊ ပုဂံဘုရားများဖူးရန် ရည်ရွယ်ထားသူများသည် အောက်တိုဘာ ပထမပတ်ထဲက ဟိုတယ်/မိုတယ်/တည်းခိုရိပ်သာများသို့ ကြိုတင်ချိတ်ဆက်ထား ကြတာဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ကြိုတင်လာရောက်လေ့ရှိကြပြီး ပုဂံဒေသရှိ သမိုင်းဝင် အထင်ကရဘုရားများကို ဖူးမြှော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီ ဆွဲကြခြင်းများ ပြုလုပ်ကြကြောင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြသည်။

သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူး တစ်ရက် ငါးသောင်းကျော်ခန့်မှ တစ်သိန်းခွဲကျော်ထိ လာရောက်လေ့ရှိရာ ပုဂံ-ညောင်ဦးတွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း (၈၁)လုံးတွင် အောက်တိုဘာ (၂၇) ရက်မှ (၂၉) ရက်ထိ ကြိုတင်ချိတ်ဆက်မှာယူထားမှုများ ပြည့်နေပြီး ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ်အားလုံး ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NCA စာချုပ် ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ
Next post Examplez အဖွဲ့ ပရိသတ်ရှေ့ပြန်လာမယ်