NCA စာချုပ် ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူချုပ် (NCA) ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၅ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MICC-2)တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ NCA တေးသရုပ်ဖော်ခြင်း၊ NCA မှသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီသို့ ရုပ်သံဗီဒီယိုမှတ်တမ်း၊ နစကဥက္ကဋ္ဌက NCA ရှစ်နှစ်မြောက် နှစ်ပတ်လည် မိန့်ခွန်းပြောကြားခြင်း၊ NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး(KNU ဥက္ကဋ္ဌဟောင်း)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ကလည်ေးကာင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၊ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်H.E. Mr. Vikram Misri၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ NCA ရေးထိုးခဲ့သည့် အသိသက်သေများကိုယ်စား ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်မင်း ဂုဏ်ပြုစကားပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားစည်လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင်ကြိုးပမ်းခဲ့ကြသူများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး(KNU ဥက္ကဋ္ဌဟောင်း)အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် EAOs ခေါင်းဆောင်များဖြစ်သည့် ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်‌အောင်၊ ဦးမျိုးဝင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့အတူ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ ဦးသိန်းစိန်းအစိုးရလက်ထက် ဒုတိယသမ္မတတာဝန်များ ထမ်းဆောင်ခဲ့သည့် ဦးဉာဏ်ထွန်းနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့လည်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်က အစ္စရေးကို အကူအညီပေးရန် မြေထဲပင်လယ် အရှေ့ပိုင်းသို့ USS Dwight D.Eisenhower လေယာဉ်တင် စစ်သင်္ဘောအုပ်စုကို စေလွှတ်
Next post သီတင်းကျွတ်ကာလ ပုဂံဒေသရှိ ဟိုတယ်များတွင် ကြိုတင်ချိတ်ဆက် အခန်းမှာယူထားမှုများ ပြည့်နေ