NCA တက်လာသော တရုတ်နိုင်ငံခြားရေးဌာနနှင့်ထာဝရငြိမ်း ချမ်းရေးကိစ္စများအပြင်နယ်စပ်ကိစ္စ အွန်လိုင်းလောင်းကစား ကိစ္စများကိုပါ နစက ဥက္ကဋ္ဌ ဆွေးနွေး
နစက ဥက္ကဋ္ဌနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ ခိုင်မာလေးနက် တရားဝင်မှုရှိသည့် NCA လမ်းကြောင်းပေါ်လျှောက်လှမ်းပြီး ထာဝရငြိမ်း ချမ်းရေးတည်ဆောက်ကြရန် တိုက်တွန်း ဆောင်ရွက်လျက်ရှိခြင်းကို ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်ခဲ့သည့် Mr. Deng Xijun အား အောက်တိုဘာ ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ်က NCA (၈)နှစ် မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့၍ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်အစိုးရနှင့်တပ်မတော်မှ NCA လမ်းကြောင်းပေါ်မှခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာရပ် တည်ထောက်ခံလျက်ရှိကာ နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်ခံမှု မရှိသည့်အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်နယ် စပ်ဒေသတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက် သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင်အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ဆောင်ချက်များကိုလက်သင့်ခံမှုမရှိသည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊တရားဝင်မှုရှိသည့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ကတိကဝတ်များဖြင့်သာဆောင်ရွက်ခဲ့ကြမှုနှင့် ခိုင်မာလေးနက်တရားဝင်မှုရှိသည့် NCA လမ်း ကြောင်းပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန် တိုက်တွန်းဆောင်ရွက် လျက်ရှိမှု၊တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုအပေါ် ခိုင် မာစွာရပ်တည်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
အွန်လိုင်းလောင်းကစားမှုများနှင့်အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရေး၊နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရေး၊ရခိုင် ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက် ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။