ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2023 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် အိအိမြင့်အောင်သိန်း ဝင်ရောက်ယှဥ်ပြိုင်မည်

ယခုအောက်တိုဘာလအတွင်း ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2023 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ အိအိမြင့်အောင်သိန်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ မြန်မာပြည်ကနေ ဂျပန်နိုင်ငံဆီ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက စတင်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

“ပထမ စေလွှတ်မယ့် အလှမယ်တစ်ဦးကတော့ရှိပေမယ့် စာချုပ်တွေ တချို့ရှိနေတာကြောင့် စေလွှတ်ဖို့ ပယ်ဖျက်လိုက် ရတာပါ။ လက်ရှိ ပြည်တွင်းပြည်ပ ဘယ် Organization တွေနဲ့မှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသူ၊ တရားဝင် သဘောတူညီမှု ရယူထားခြင်းတွေမရှိတဲ့ အလှမယ် မအိအိမြင့်အောင်သိန်းကို ကျွန်တော်တို့က ရွေးချယ်လိုက်တာပါ။ သူကလည်း ငယ်ရွယ်လှပပြီး အရည်အချင်းရှိတဲ့ သူမကို Miss International Myanmar organization အသစ်က တာဝန် ယူစေလွှတ်လိုက်တာ ဖြစ်ပါတယ်”လို့ Miss International Myanmar organization က တာဝန်ရှိသူ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မကြာခင် မင်္ဂလာပွဲ ကျင်းပတော့မယ့် မင်းသမီး အိချောပို
Next post ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းက မကာအိုကို ဂိုးပြတ်အနိုင်ရ