Legacy Music Agency က မကြာမီ ဖြန့်ချီတော့မယ့် ဖန်တီးထားတယ်ဆိုတဲ့ အဆိုတော် မေသူ

မာစတာသင်္ကြန် သီချင်းခွေကတဆင့် ပရိသတ်ဆီကို ရောက်ရှိလာတဲ့ အဆိုတော် မေသူကတော့ “ရုပ်သေးလိုလူ” သီချင်းကို မကြာမီ ပရိတ်သတ်တွေ ဆီကိုချပြတော့မည်ဟု ဆိုထားပါတယ်။

အဆိုပါ တေးသီချင်းကတော့ Pop အမျိုးအစားဖြစ်ပြီး အသည်းကွဲရသမျှကို တေးရေး အလင်းက ရေးသားပေးထားပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ ရုပ်သေးလိုလူ သီချင်းရဲ့ Teaser တင်ပေးမှာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှာတော့ Legacy Music Agency က ဖြန့်ချိမှာဖြစ်ပါတယ်။

“ ညီမရဲ့ ၃နှစ်အကြာမှ ဒီသီချင်းသစ်လေး ပြန်ထွက်လာတာပါ။ ကိုယ်တိုင်ခံစားချက်တွေနဲ့ မုဒ်ထည့်ပြီး ဆိုထားပါတယ်။ တိုက်ဆိုင်မှုရှိတဲ့ စာသားတွေပါတဲ့ သီချင်းပါ ရုပ်သေးလိုလူ သီချင်းကို နားထောင်ပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက လူမှုကွန်ယက်ကနေ မျှဝေထားပါတယ်။

အဆိုတော် မေသူ ဟာ Solo Album အနေနဲ့ ၂၀၀၈ ခုနှစ်က “ဘယ်သူအရေးကြီးလဲ” သီချင်းခွေ၊ ၂၀၁၄ ခုနှစ်က “သာယာတဲ့ ကမ္ဘာ” သီချင်းခွေ ၊ ၂၀၂၀ ခုနှစ်က “အချစ်သင့် အချစ်ဒဏ်” album တွေကို ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်က အစ္စရေးနိုင်ငံအနီး မြေထဲပင်လယ်အရှေ့ပိုင်း သို့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုနှင့်တိုက်လေယာဉ်မျိုးစုံကို ပို့ဆောင်
Next post ကြည့်မြင်တိုင်ညစျေးရှိ ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ဖမ်းဆီး သွားပြီး အလောင်းအား အမြန်လမ်းဇီးရိုးမိုင်အနီးတွင် စွန့်ပစ်