EV ကား မီးလောင်မှုနှင့် ပတ်သက်၍ KSD Mysnmar မှ ရှင်းလင်းချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၌ ယမန်နေ့     ည (11) နာရီခန့်တွင် KSDV1-NE1 အမျိုးအစား ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယနေ့ (6-10-2023) နေ့တွင်   KHAING KHAING SANGDA GROUP LIMITED မှ တာ၀န်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် KSDV1-NE1 ယာဥ်အား Company မှ ရောင်းချစဥ် Battery ကုန်ပါက           အားသွင်းရန် နေရာသို့ သွားရောက်ရန် (10-15 Kilometer) ခန့် မောင်းနှင် အသုံးပြုနိုင်မည့် (200 cc ) မီးစက်အင်ဂျင်အသေးတစ်လုံးတပ်ဆင်ထားပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် ယာဥ်တွင် Customer မှ မိမိသဘောဖြင့် (660 cc) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ Battery Charging သွင်းသည့်စနစ် နှင့်   ၀ါယာရိန်း စနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထား သည်ကိုတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါယာဥ် မီးလောင်မှုဖြစ်စဥ်မှာ Company ရဲ့ မူလထုတ်လုပ်မှု ပုံစံ ချို့ယွင်းချက် တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှု ဖြစ်ပွားခြင်းသာ      ဖြစ်ပါသောကြောင့် KSD အမှတ် တံဆိပ် ELECTRIC VEHICLE ယာဥ် များကို ၀ယ်ယူ အသုံးပြုထားသော Customer များနှင့် ထပ်မံ၀ယ်ယူမည့် မိဘပြည်သူ များ အန္တရာယ်ကင်း စိတ်အေး ချမ်းသာစွာ စီးနှင်း အသုံးပြု ၀ယ်ယူနိုင်ပါရန် လေးစားစွာအသိပေးတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တမြေ့မြေ့မိုး ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ
Next post တစ်ကိုယ်တော်ဖျော်ဖြေပွဲကရတဲ့ဝင်ငွေတွေကိုလှုဒါန်းလိုက်တဲ့ Taylor Swift