ကျပ် ၅၀ တန်နှင့် ကျပ် ၁၀၀ တန် ငွေစက္ကူများကို ရုပ်သိမ်း မည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု နစက ထုတ်ပြန်
ယနေ့ စက်တင်ဘာလ(၃၀)ရက်နေ့ လူမှုကွန်ယက် စာမျက်နှာနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်)တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်းတရားဝင်ငွေအဖြစ်မှ ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၃၆(င)အရ “နိုင်ငံတော်သည် တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု အတိအလင်းဖော်ပြထားပြီးဖြစ်ပါသည်။
ထိုကဲ့သို့ အများပြည်သူများ၏ အကျိူးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများ ဖြန့်ဝေသူများကို ဉပဒေပြဌာန်းချက် များနှင့် အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဉပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည် ဟု ယနေ့ စက်တင်ဘာလ (၃၀)ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းထုတ်ပြန်လာပါတယ်။
More Stories
ရေဘေးသင့်ပြည်သူများကို လှုဒါန်းရာတွင် သက်ဆိုင်ရာမှ တဆင့်သာ လှုဒါန်းရမည် ဟုဆို
ရေကြီးမှုဖြစ်ပွားသည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအား လှုဒါန်းရာတွင် သက်ဆိုင်ရာမှတဆင့်သာ လှုဒါန်းရ မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ လာ ရောက်လှူဒါန်းရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အ...
“အတတ်နိုင်ဆုံး မူလအခြေအနေ အတိုင်းဖြစ်အောင် ကျွန်တော်တို့ကူညီပေးပါမယ်”ဟု ရေဘေးသင့်ပြည်သူများကို နစက ဥက္ကဋ္ဌ အားပေး
ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ရေ ဘေးရှောင်ကယ်ဆယ်ရေး စခန်းရှိ ရေဘေးရှောင်ပြည်သူများထံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် တွေ့ဆုံစဥ် "အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်"ဟု အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍လည်း...
သံဖြူဇရပ်မြို့နယ်တွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသ ခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် နိုင်ငယ်ထူးထူးလင်းနှင့် မဇင်မာထွေးဆိုသူတို့ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်က...
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုမှ ဒေသခံများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုအတွင်းသို့ ရေဝင်ရောက်လျက် ရှိသဖြင့် ၎င်းရပ်ကွက်များရှိ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ...
နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံ ဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့်...
နစက ဥက္ကဋ္ဌ နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများအား ကြည့်ရှု စစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်...