ကာရိုက်တာ အသစ်အဆန်းလေးကို ရိုက်ရလို့ အရမ်းချဲ့လင့် ဖြစ်တယ်ဆိုတဲ့ မေမြင့်မိုရ်

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ …..Bo Bo Entertainment မှ ရိုက်ကူးထုတ်လုပ်တဲ့ “မုန်းခွင့်”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စိုးမိုးမင်း က ရိုက်ကူးထားပြီး အကယ်ဒမီရွှေထူး၊ အကယ်ဒမီခင်ဝင့်ဝါ ၊ မေမြင့်မိုရ် ၊ ဟင်နရီ နှင့် အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး စက်တင်ဘာလ ၂၉ရက်နေ့  မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

မုန်းခွင့် ဇာတ်ကားမှာ စံပယ်ဖြူ ကာရိုက်တာဖြင့် သရုပ်ဆောင်ထား သရုပ်ဆောင် မေမြင့်မိုရ်က မုန်းခွင့်ဇာတ်ကားနှ င့်ပတ်သက်ပြီး မုန်းခွင့် Press Show အင်တာဗျူးမှာ အခုလို ပြောကြားလာပါတယ်။  “မုန်းခွင့် ဇာတ်ကားလေးက ရိုက်ဖူးသမျှကားတွေထဲမှာ အနှစ်သက်ဆုံးထဲမှာ ပါသလို အခန်းတိုင်းလည်း သဘောကျတယ်။ အရမ်းခင်တဲ့ သူငယ်ချင်းရဲ့ချစ်သူကို လုရတာမို့ အရမ်းတော့ ချဲလင့်ဖြစ်တယ်။ စိတ်ခံစားချက်လည်း ပြင်းသလို လိုချင်တာကို မရရအောင် ယူတတ်တဲ့ ကာရိုက်တာလေးမို့ အသစ်အဆန်းလေးတစ်ခုဖြစ်မယ် ထင်တယ် လို့” သရုပ်ဆောင်  မေမြင့်မိုရ် က ဆိုထားပါတယ်။

ပရိသတ်ကြီးရော မုန်းခွင့်ဇာတ်ကားကို အားပေးသော လက်ခုပ်သံများကို ကိုယ်တိုင်ကိုယ်ကျ နားဆင်အဖို့အတွက် အားပေးဖို့ အဆင်သင့်ဖြစ်ပြီလို့ ထင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်း ယနေ့စတင်
Next post နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြာ